စကားဆုံးသည်နှင့် မျက်နှာလှလှလေးထက် မဲ့ပြုံးလေးတစ်ခုပေါ်လာခဲ့သည်။ ထိုအပြုံးသည် အေးစက်စက်နှင့် ကျောချမ်းစရာကောင်းစေသော အပြုံးမျိူးဖြစ်သည်။  မျက်နှာလေးကပြုံးနေသော်လည်း မျက်ဝန်းများကမူ နာကျင်မှုကြောင့်ပေလား ဒေါသကြောင့်ပေလားမသိ ရဲရဲနီနေသည်။

ငယ်စဉ်ကတည်းက အမြဲတမ်းငေးကြည့်ကာ ချစ်ခဲ့ရသော သူ(မ) အား အရာရာအလိုလိုက်ကာ အလျှော့ပေးသော ချစ်ရသူက ယခုတွင်မှု တစ်ခြားတစ်ယောက်အတွက်နှင့် သူ(မ) အားထားပစ်ခဲ့သည်။ ခံစားရသည့်နာကျင်မှုက စကားလုံးများနှင့်ပင် ဖော်ပြ၍ မရနိုင်။

"ကိုကိုက ငယ်ငယ်ကတည်းက မာယာ့အပိုင်ပဲ... နောက်လည်း မာယာ့အပိုင်ပဲ ဖြစ်ရမယ်... ကိုကို့ ကို ဘယ်သူကိုမှ မပေးနိုင်ဘူး"

အံ့ကြိတ်သံဖြင့်ရေရွတ်သော စကားလုံးများအဆုံး ပါးပြင်ထက် မျက်ရည်များက အတားအဆီးမဲ့စွာ ကျဆင်းလာသည်။ မျက်ရည်များကို လက်ခုံဖြင့်သုတ်ဖယ်ကာ အပြုံးနုနုကို မျက်နှာထက်ချိတ်ဆွဲလျှက် ဖုန်းအားထုတ်ကာ တစ်စုံတစ်ယောက်ဆီ ဖုန်းဆက်လိုက်သည်။

"Hello ငါ မာယာ"

"....."

"ငါ့ကို တစ်ခုလုပ်ပေး"

"....."

"အခု ****center မှာ... နင်လာခဲ့"

"....."

"အင်း center ဒုတိယထပ်က coffee ဆိုင်မှာစောင့်နေမယ်"

မာယာ တစ်ဖက်မှ ပြန်ပြောသည်ကို မစောင့်တော့ပဲ ဖုန်းချလိုက်ကာ ခွန်းဆက် ထွက်သွားသော လမ်းဆီ ငေးကြည့်နေသည်။

"အဟက်... မာယာနှင်းဆီဆိုတဲ့ ငါ့ဆီကနေ ကိုကို့ ကိုဆွဲထုတ်သွားတဲ့သူ မှန်သမျှ ငါပေးတဲ့အပြစ်ဒဏ် ကို မလွဲမသွေ ခံစားစေရမယ်... နာကျင်မှုထက် ပိုတဲ့ နာကျင်မှုမျိုးကို ဖန်တီးပေးမယ်"

*********************************
ခွန်းဆက် သူ့တပည့်ပြောသော restaurant ကိုရောက်တော့ တပည့်ဖြစ်သူ မင်းအောင်က ဆိုင်အရှေ့တွင် အဆင်သင့်စောင့်လို့နေသည်။ ခွန်းဆက် ကားရောက်သည်ကိုတွေ့တော့ အနားသို့ အပြေးရောက်လာကာ တံခါးကို ဖွင့်ပေးလာသည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now