🍁Part 12🍁

Zacznij od początku
                                    

ခွန်းဆက် ဖုန်းကို ဘေးချကာ ထိုကြောင်လေးအား ကောက်ယူလိုက်သည်။

"ဟိတ် အဝါကောင်... မင်းရည်းစားနဲ့ သွားမတွေ့ဘူးလား"

"မြောင် မြောင်"

"ဘာလဲ... အသဲကွဲလာတာလား... မင်းကောင်လေး တစ်ခြားတစ်ယောက်နောက် ပါသွားလို့လား"

"မြောင်"

"မင်းကလည်း... အဲ့လို တစ်မြောင် မြောင်လုပ်နေတော့ ငါဘယ်သိမလဲ... ငါ နားလည်အောင် ပြောစမ်းပါ"

ခွန်းဆက် ကြောင်လေးအား စကားပြောနေစဉ် ဘေးတွင်ချထားသော ဖုန်းက အသံမြည်လာသည်။ screen တွင်ပေါ်နေသော contact name ကိုကြည့်လိုက်တော့ မာယာ့ဆီက ဖြစ်နေသည်ကြောင့် ခွန်းဆက် မကိုင်ပဲ ကြောင်လေးအား ပွတ်သတ်ပေးနေလိုက်သည်။ ဖုန်းက အသံမြည်နေရာမှ ရပ်သွားတော့သည်။ တစ်ဖန် ဖုန်းက ပြန်ဝင်လာပြန်သည်။  ဒီတစ်ခါတွင်လည်း ခွန်းဆက်မကိုင်သည်ကြောင့် ကျသွားပြန်သည်။ စက္ကန့်မခြားပါပဲ ဖုန်းက ထပ်မြည်လာပြန်သည်။

ကျစ်... ဘာလို့အဲ့လောက် ခေါ်နေရတာလဲကွာ.....

ခွန်းဆက် စုပ်သတ်ကာ ဖုန်းကိုယူပြီး accept နှိပ်လိုက်တော့သည်။

"Hello"

"ကိုကို"

"အေး ဘာလဲပြော"

"မာယာ အပြင်လျှောက်သွားချင်လို့"

"နင့်ဟာနင် သွားတာ ငါ့ကို သံတော်ဦးတင်နေရအောင် ငါက နင့်အဖေလား"

"ကိုကိုကလည်း... ကိုကို့ကို လိုက်ပို့ခိုင်းမလို့ဟာကို"

"မအားဘူး... ငါအလုပ်ရှိတယ်"

"အပိုတွေပြောမနေနဲ့...ကိုကိုမှာ အလုပ်မရှိတာ မာယာသိသားပဲ... လိုက်ပို့ပါနော် ကိုကိုကလည်း"

"ငါမသွားချင်ဘူး... နင့်ဘာသာနင်သွားလိုက်"

"ကိုကိုကလည်း မနေ့ကလဲ အဲ့လိုလုပ်တယ်... ကိုကို မကောင်းဘူး"

"အေးဟာ ပြောမရလည်း ပြီးတာပဲ... ဘယ်အချိန်လာခေါ်ရမလဲ"

"အခု"

"ဘာ!!! "

"ဘာဖြစ်လို့လဲ ကိုကို"

"ဘာမှမဖြစ်ဘူး...အဆင်သင့်ပြင်ထား"

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Opowieści tętniące życiem. Odkryj je teraz