" အွတ် .....ရား......."

Eiffel Tower ရှေ့မှာ လျပ်စီးလို ပြေးလာတဲ့ ပုံရိပ်ကြောင့် Lisa ဘေးကို ယိမ်းလိုက်ပေမဲ့ ပုခုံးနဲ့ ပွတ်တိုက်ပြီး Lisa အနည်းငယ် ယိုင်သွားသည်။ ပြေးလာတဲ့ မိန်းကလေးကတော့ သက်သက်သာသာ လဲမကျ။

"လူမဟုတ်တဲ့ကောင် "

Lisa ဂရုမစိုက်ဘဲ ထွက်သွားဖို့ လုပ်တာကြောင့် ဆဲခံလိုက်ရသည်။ဒါကြောင့် ပြန်လှည့်လာပြီး ဆွဲထူလိုက်သည်။ဖြူဖြူသေးသေး ကောင်မလေးရဲ့ နဖူးထောင့်မှာ သွေးစရဲရဲလေး ။ ဖွေးဥနေတဲ့ နဖူးသားလေးနဲ့ ယိုစီးကျနေတဲ့ သွေးစလေးတွေ။နာကျင်စရာကောင်းပေမဲ့ ငေးကြည့်ချင်လောက်အောင် ပန်းချီဆန်နေတယ်။ဒါက ခန္ဓာကိုယ်ရဲ့ တစိတ်တပိုင်း သေးသေးမွှားမွှား အလှတစ်ခုပဲ ရှိသေးတယ်။

" ရော့ သုတ်လိုက် မင်းနဖူး နည်းနည်းပေါက်သွားတယ် "

အမြဲဆောင်ထားတဲ့ လက်ကိုင်ပဝါလေးကို ပေးတော့ အကြမ်းပတမ်း ယူပြီး သုတ်သည်။နဖူးက ဒဏ်ရာက ထင်ထားတာထက် များတာပဲ။သွေးတွေက စောစောကထက် ပိုထွက်လာသလို။

" သွေး.....သွေးတွေ.... "

" ဟာ ဟေး...."

သုတ်လိုက်တဲ့ လက်ကိုင်ပဝါမှာ စွန်းထင်းသွားတဲ့ သွေးတွေကို ကြည့်ပြီး ရှေ့က မိန်းကလေးက မေ့လဲသွားတော့သည်။မေ့လဲချင်လည်း မေ့လဲချင်စရာပါ ။အစွန်းအထင်း သွေးက မြင်မကောင်း။

ရေချိုးပြီး ညအိပ်ဝတ်စုံ လဲပြီးတော့ ဖြူလုံးလေးက သတိပြန်ရနေပြီ။Lisa ရဲ့ ခုတင်ပေါ်မှာ ထိုင်ပြီး မနက်က Lisa ဖတ်ထားတဲ့ မဂ္ဂဇင်းစာအုပ်ကို ဖတ်နေလေသည်။

" သတိရလာပြီပဲ "

နဖူးက ဒဏ်ရာကို ပလာစတာ ကပ်ပေးထားတာမို့ သွေးမထွက်တော့။နဖူးထောင့်မှာ အဖြူရောင် ပလာစတာကြီးနဲ့ ။ရယ်ဖို့မကောင်းဘဲ တစ်မျိုးချစ်ဖို့ ကောင်းနေခဲ့တယ်။

"ကိုရီးယားက လာတာလား "

" အင်း "

သူရှေ့မှာ ဝင်ထိုင်ရင်း အဖျားရှိမရှိ နဖူးကို စမ်းဖို့ ရှေ့တိုးသွားတော့ နောက်ကို ကိုယ်လေး ယို့သွားတယ်။မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်ပြီး

A Starry Night in Paris Where stories live. Discover now