အပိုင်း (၃၀၆) ကြီးမြတ်လှတဲ့သခင်လေးချင်က ချစ်ခြင်းတွေနဲ့ ပြည့်လို့တဲ့

Start from the beginning
                                    

သူမရဲ့စိတ်တင်းကျပ်တာတွေ ဖြေဖျောက်ဖို့ ချင်မော့က သူမခေါင်းမှာ နားကြပ်တပ်ပေးပြီး သီချင်းနားထောင်ခိုင်းတာတဲ့လေ။ တခြားလူကို အလိုလိုက်ဖို့ ဒီလိုမျိုးစဥ်းစားနိုင်တာ ကြီးမြတ်လှတဲ့သခင်လေးချင်တစ်ယောက်ပဲရှိတယ်။

သူကြီးပြင်းလာတဲ့ပုံစံကြောင့်ဖြစ်မှာပါ။ ဒါပေမဲ့ သူက နိုင်လိုမင်းထက်ပုံစံ ပြုမူတယ်ဆိုရင်တောင်မှ သူက တော်တော့်ကို ယဥ်ကျေးတာ။ သူနဲ့အတူအချိန်တွေကုန်ဆုံးရတာက အမြဲတမ်း သက်သောင့်သက်သာ ရှိတယ်။

ထိုအခိုက်တွင် တလောကလုံး တိတ်ဆိတ်သွားတော့သည်။

အမှောင်ထဲတွင် ဖူကျို့သည် ရေကဲ့သို့ ကြည်လင်သည့် နူးနူးညံ့ညံ့ပူရှိန်းရှိန်းနံ့ကိုသာ ရနေသည်။ ထိုလူ၏ရနံ့သည် အခန်းထဲကအနံ့နှင့် ပေါင်းစပ်သွားလေသည်။ အေးချမ်းမှုအလယ်တွင် စီးကရက်နံ့ဖျော့ဖျော့တစ်ခုလဲ ပါလာသည်။

ထိုအနံ့သည် လူကို တည်ငြိမ်ကာ လုံခြုံမှုကို ခံစားရစေသည်။

ဒါကြောင့် စိတ်ပညာကို လေ့လာထားတဲ့လူတွေက ကိုင်တွယ်ရအခက်ဆုံးလူတွေလို့ ပြောကြတာ နေမယ်။

ကြီးမြတ်လှတဲ့သခင်လေးက တစ်ယောက်ယောက်အပေါ် သိမ်မွေ့ဖို့ ဆုံးဖြတ်လိုက်တာနဲ့ သူလေ့လာထားသမျှ အားလုံးကို အသုံးချတော့တာပဲ။

စိတ်ပညာသဘောတရားအရာဆိုရင် တေးဂီတက လူကို စိတ်တည်ငြိမ်စေပြီး သူတို့ရဲ့ သတိကို လွတ်သွားစေတယ်လေ။

ဖူကျို့က အော်ရယ်လိုက်သည်။ သူမသည် ချင်မော့၏အသက်ရှူသံဖြင့် သူတည်နေရာကို ကြိုးစားရှာလိုက်ပြီး သူမ၏ခြေတစ်ဖက်ကို မ,လိုက်ကာ ထရပ် ရန်ကြိုးစားလိုက်သည်။

သို့သော် သူမသည် ဟန်ချက်ပျက်သွားပြီး ရှေ့သို့ကျသွားကာ ကြမ်းပေါ်သို့ ခေါင်းနှင့် အရင်ကျသွားလေသည်။

ချင်မော့သည် ကောင်လေးရှေ့တွင် ရပ်နေရာ သူသည် ဖူကျို့ထက် တစ်လှမ်းစောသွားသောကြောင့် သူမ၏လက်ကို တင်းကြပ်စွာ လှမ်းဆုပ်လိုက်လေသည်။

မျက်လုံးပေါ်မှ ခရင်များကြောင့် ဖူကျို့သည် သူမ၏မျက်လုံးများကို မှိတ်ထားရဆဲဖြစ်သည်။ သူမသည် မျက်လုံးဖွင့်မရသည့်အတွက် ခေါင်းကိုသာ ပင့်လိုက်ပြီး သူ့ကို အပြုံးတစ်ခုနှင့် ကျေးဇူးတင်စကားပြောလိုက်သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now