စပျစ်သီးလေးများ

Start from the beginning
                                    

"ရှောင်ဖူလေးနဲ့ ရှောင်ဝူလေးရော ပါလာတာကိုး အသီးခြံကိုသွားကျမလို့လား"

ဒါကိုကြားတော့ အသေးလေးများသည် ပျော်ရွှင်စွာပြန်ဖြေလာခဲ့ကျသည်။

"အွန်း အွန်း သားတို့အသီးသွားခူးမလို့ပါ!"

"ဖိုးဖိုးရုံ ဖိုးဖိုးရုံလိုက်လို့ မရဘူးနော် ဖိုးဖိုးရုံက စူးစူးတွေအများကြီးကို စောင့်ကြည့်ရမှာလေ "

ပိုင်လီသည် ရှောင်ဝူ၏ထိုစကားကြောင့်ညရယ်မောလိုက်မိသည်။ ဒီကောင်လေးက ကျွဲတွေဝယ်လာပြီးအိမ်မှာမရှိတော့လို့ မေးတဲ့အခါ သူက ကျွဲတွေကအများကြီးမလို့ တခြားနေရာမှာ ဖိုးဖိုးရုံနဲ့အတူရှိကြောင်း ပြောထားခဲ့ရပါတယ်။ ဒါကိုသူလေးက အခုချိန်ထိ မှတ်မိနေခဲ့တယ်လေ။

ရုံခန်းကလည်း ဒါကိုကြားတော့ ရယ်မောလိုက်ကာ...

"ကောင်းပါပြီ ဖိုးဖိုးရုံက မလိုက်ပါဘူးဗျာ "

အဲဒီနောက်သူသည် ပိုင်လီအား ကျွဲများအားလုံးအဆင်ပြေကြောင်းပြောပြီး အသီးခူးရန်အတွက်အချိန်မလင့်စေရန် ပြောခဲ့ကာ သွားခိုင်းခဲ့သည်။ ဒါကြောင့် ပိုင်လီတို့လည်း ရုံခန်းကိုနှုတ်ဆက်ပြီး ခြံဘက်ကိုဆက်ထွက်လာခဲ့ကျပါတယ်။

ကျွဲအိမ်ဟာ သစ်သီးခြံမြေနဲ့ တစ်ဆက်တည်းဆိုပေမယ့်လည်း အစွန်ကိုကျလွန်းပြီး စပျစ်သီးတွေစိုက်ထားသည်နေရာမှာလည်း တခြားအစွန်တစ်ဖက်မှာဖြစ်နေ၍ သူတို့ကခဏလောက် ဆက်သွားခဲ့ကျရသည်။

ကျွဲအိမ်အကြောင်းပြောရလျှင် ယခုပိုင်လီနှင့် ပိုင်အိမ်၏ နှစ်အိမ်ပေါင်းကျွဲပိုင်ဆိုင်မှုမှာ ဆယ့်သုံးကောင်လောက်ဖြစ်နေပြီဖြစ်ပြီး သူတို့က ဒီကျွဲတွေအတွက် ပိုင်လီစဥ်းစားထားသလို မြေကွက်ရိုင်းတွေထဲက ရွာနဲ့အနီးဆုံး အစွန်နေရာကို ကျွဲအိမ်အဖြစ်ပြုလုပ်ခဲ့ကျကာ ယခုအခါ ကျွဲအိမ်သည် ခြံတံတိုင်းလုံခြုံစွာခတ်ထားပြီဖြစ်၍ အထဲ၌ အိမ်ငယ်လေးတစ်လုံးကိုတောင် ဆောက်ပေးထားပေသည်။ ထိုအိမ်ငယ်လေးက ကျွဲအိမ်ကိုစောင့်မယ့်လူအတွက်ပါပဲ။ ကျွဲတွေများလာတာနဲ့အမျှ စောင့်တဲ့လူက ညဘက်အိမ်ပြန်အိပ်လို့ မရနိုင်တော့ဘူးမလား။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now