အပိုင်း (၉၅)

Start from the beginning
                                    

အဲဒါကြောင့်သူက သက်ပြင်းကြီးကြီးချလိုက်ပြီးအလွန်စိတ်မကောင်းဖြစ်နေတဲ့ပုံနဲ့ ထပ်ပြောလိုက်ပါတယ်။

"ဟူး...တကယ်တော့ ဒါကြောင့်ချည်းပဲလည်း မဟုတ်ပါဘူး ကိုယ်က မင်းကိုကောင်းကောင်းဆက်ဆံချင်တာပါ ဒါပေမယ့် အတိတ်တုန်းက မင်းအပေါ် အမှားယွင်းတွေလုပ်မိထားတော့ မင်းကခုထိစိတ်ထဲထားနေတုန်းပဲလားမသိဘူး ကိုယ့်ကိုအခွင့်ရေးလေးတောင်မပေးဘူးပဲ"

ပိုင်လီသည် ပြောပြီးနောက်သက်ပြင်းထပ်ချလိုက်ကာ အရွက်ကြော်အားယူ၍ စိတ်မပါစွာဝါးနေလိုက်သဖြင့် ဒါကိုမြင်တဲ့ ရှောင်ဟန်မှာ မနေသာတော့ပဲ အသံတိုးလေးဖြင့်ပြောလာခဲ့သည်။

"အဲလိုမဟုတ်ပါဘူး.."

ပိုင်လီကတော့ ဒါကိုကြားကြားချင်းပဲ....

"အဲတာဆိုဘာလို့လဲ ဝယ်ပေးထားတဲ့ အထည်တွေနဲ့ဆံထိုးတွေကိုမကြိုက်လို့လား ဒါဆိုဘာလို့ထပ်မဝယ်ကျမှာလဲ ကိုယ်မင်းတို့ကို ယွီလျန်ဟွားကို လိုက်ပို့ပေးမယ်လေ"

ရှောင်ဟန်သည် နောက်ပိုင်း၌ ပိုင်လီနှင့်စကားပြောရတာ မလွယ်ကူသလိုခံစားလာခဲ့ရတော့သည်။ ဒီလူက သူလိုချင်တာကို ရအောင်ပြောတတ်လာခဲ့ပုံရပါတယ်။

ရှောင်ဟန်က....

"မဟုတ်ပါဘူး မကြိုက်တာလည်း မဟုတ်ပါဘူး"

သူက ထိုသို့ ပြောပြီးနောက် ခဏရပ်သွားပြီးမှ ခက်ခဲစွာနှင့် ဆက်ပြောလာလေသည်။

" ဒီတိုင်း... အဲဒါတွေက အရမ်းကောင်းလွန်းနေလို့ပါ"

အရမ်းကောင်းလွန်းနေတဲ့အတွက် သူက သူနဲ့မထိုက်တန်ဘူးလို့တောင် ခံစားခဲ့ရပြီး ထိုအရာများဝတ်ဆက်ထားချိန်၌ အပြစ်ရှိသလိုပင် ခံစားခဲ့ရသည်။

ဒါကိုကြားတော့ ပိုင်လီက တူကိုချလိုက်၏။ သူက ထိုကောင်လေးကိုကြည့်လိုက်ပြီး....

"ဒါက သေချာပေါက်ကောင်းတာပေါ့ ဒါပေမယ့်အကောင်းဆုံးတွေမဟုတ်သေးပါဘူး ရှောင်ဟန်...ကိုယ်ပြောပြမယ် နောက်ကျရင် အသားကျသွားမှာပါ ပြီးတော့ ဒီနေ့ မင်းအရမ်းကြည့်ကောင်းတာပဲ မင်းမယုံရင် အသေးလေးတွေကိုမေးကြည့်ပါလား"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now