အပိုင်း (၃၀၁) အနမ်းတဲ့လား

Start from the beginning
                                    

ဖူကျို့သည် ကြီးမြတ်လှသည့်သခင်လေးချင် ထိုသို့ဖြစ်သွားတိုင်း တစ်ခါလေးမှ မကြောက်ခဲ့ချေ။ ထို့ကြောင့် သူမသည် သူမ၏နှုတ်ခမ်းပါးလေးများကို ကွေးတင်ထားလိုက်ပြီး ထိုလူ၏ကော်လံကို ဆောင့်ဆွဲ လိုက်လေသည်။ နှစ်လိုဖွယ်အရိုင်းဆန်ပြီး ချစ်ခင်ရင်းနှီးသောအမူအရာနှင့် သူမ လက်တစ်ဖက်သည် ချင်မော့၏ မေးစေ့ကို အထူးတလည် ဖျစ်ထားပြီး သူမ၏မျက်နှာချောချောလေးကို လှည့်ကာ သူ့ကို နမ်းတော့မည့်ဟန် လုပ်လိုက်လေသည်။

သူတို့သည် အလွန်နီးကပ်လွန်းရာ သူတို့ကို ကြည့်နေသည့်သူတိုင်းသည် လေထဲတွင် ရင်းနှီးမှုကို ခံစားနိုင်လေသည်။

မိန်းကလေးများသည် ရူးသွားကြတော့သည်။

တိုက်ရိုက်လွှင့်တာ။ လက်ဖျားခါလောက်တဲ့အနမ်းခန်းတစ်ခုရဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ဗားရှင်း။

အမလေး

ဟင့်အင်း ဘာလို့ရပ်လိုက်တာလဲ။

သူ့ကို နမ်းလိုက်။ နမ်းလိုက်။

ဒါပေါ့ ဖူကျို့ သူ့ကို တကယ်နမ်းမှာမဟုတ်လေဘူး။

ကြီးမြတ်လှတဲ့သခင်လေးချင်က ရက်တွေအကြာကြီး သူမကို ဖိအားတွေပေးနေခဲ့တာ၊ ဒီတော့ သူက သူမကို အသေအလဲ စိတ်တိုနေတဲ့ သူ့မျက်နှာမဲကြီးကို လွမ်းလို့လေ။

ဒါပေမဲ့ ဒီတစ်ခါတော့ မတူဘူး။

ကြီးမြတ်လှတဲ့သခင်လေးချင်က တစ်လက်မလေးတောင် မရွေ့သလို သူ နောက်လဲ ဆုတ်မသွားလေဘူး။

သူမသာ ကိုယ့်ဟာကိုယ် မထိန်းထားရင် သူ့ကို တကယ်နမ်းပြီးနေလောက်ပြီ...

ကြီးမြတ်လှတဲ့သခင်လေးက တကယ်ပဲ ဉာဏ်နီဉာဏ်နက်များတာပဲ။

သူက အခု အီစီကလီလုပ်ခံရပြီး စခံရတာတောင် စိတ်မဆိုးတော့ဘူးတဲ့လား။

သို့သော် သည်တစ်ကြိမ်တွင် ချင်မော့သည် မည်သည့် အကြံအစည်နှင့် အစီအစဥ်မှမရှိချေ။

သူသည် ကောင်လေး၏လက်ကောက်ဝတ်ကို ဘာကြောင့် မချိုးခဲ့မှန်း မသိတော့ချေ။

ထိုအစား သူသည် ကောင်လေးကို သူ့အနားအလွန်နီးကပ်သည်အထိ ကပ်ခွင့်ပြုထားလိုက်သေးသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now