အပိုင်း (၉၄)

Start from the beginning
                                    

ပိုင်လီက ဒီရက်တွေထဲမှာ သစ်မာသားတွေပဲရှာနေတာဆိုပေမယ့် သူက စပျစ်ပင်တွေကိုလည်း လိုက်ကြည့်နေတာဖြစ်ပြီး သူတွေ့ခဲ့ရသည့် စပျစ်ပင်အများစုမှာ စားမရအောင်ချဥ်ခါးနေကာ သူက စားလို့ရတဲ့အပင်တချို့ ရှာတွေ့ဖို့အတွက် မလွယ်ကူခဲ့တာဖြစ်သည်။ အဲတာက တောင်ခြေအနက်ထဲက ချောက်တစ်ခုထဲမှာရှိနေခဲ့ပြီး သူက အဲဒီစပျစ်သီးရဲ့အရသာကိုစမ်းကြည့်ဖို့အတွက် ချောက်ထဲကိုတောင်ခက်ခက်ခဲခဲဆင်းခဲ့ရပါသေးတယ်။

ဒါပေါ့ ဒီအကြောင်းကိုသူက သူ့မိသားစုကိုပြောပြမှာမဟုတ်ပါဘူး။

ပိုင်အဖေနှင့်ပိုင်မိသားစုသည် ပိုင်လီပြောတာကြားတော့ ဇဝေဇဝါဖြစ်သွားကျပြီး...

"စပျစ်သီးပင်လား စပျစ်သီးတွေက အရမ်းမရှားဘူးလား မင်းဝယ်ဖို့အဆက်သွယ်ရထားလို့လား"

သူတို့သည် ပိုင်လီက ချောင်ရန်လိုလူများနှင့် ရင်းနှီးသဖြင့် သစ်သီးပင်များဝယ်ဖို့ အဆက်သွယ်သုံးလိမ့်မည်ဟု ထင်နေခဲ့ကျတာဖြစ်သည်။

ဒါပေမယ့် ပိုင်လီကတော့ ခေါင်းရမ်းလာခဲ့ကာပဲ....

"အပြင်ကမဝယ်ပါဘူး ကျွန်တော် တောထဲမှာ စားလို့ရတဲ့ စပျစ်ပင်တချို့တွေ့ထားပါတယ် အဲတာတွေယူစိုက်လို့ရတာပဲ"

ဒါကိုကြားတဲ့ ပိုင်မိသားစုကတော့ လုံးဝအံသွားကျပြီး ပိုင်အဖေက...

"တောထဲက စပျစ်သီးတွေက စားမရဘူး မင်းဘယ်လိုလုပ်စိုက်လို့ရမှာလဲ ငါကြားတာတော့ စားလို့ရတဲ့စပျစ်ပင်က အရမ်းအဖိုးတန်တယ်တဲ့ မင်းသေချာလို့လား"

ပိုင်အဖေမှာ ပိုင်လီက သစ်သီးခြံဆောက်မည်ဟု ကြားပြီးထဲက သူလက်လှမ်းမှီသလောက် အသီးတွေကြောင်း လိုက်လံမေးမြန်းကြည့်နေခဲ့တာဖြစ်၍ စပျစ်သီးအကြောင်း အနည်းငယ်ကြားဖူးနေခဲ့သည်။

သူက ပိုင်လီအပြင်က ဝယ်မယ်ပဲထင်ခဲ့တာ။ ဒီကောင်လေးက စပျစ်သီးကိုတောင် တောထဲကနေယူချင်နေမယ်လို့မထင်ထားပါဘူး။ ငွေကိုခြွေတာတာကကောင်းပါတယ်။ ဒါပေမယ့် စားလို့မရတဲ့စပျစ်သီးတွေစိုက်မိရင်တော့ မကောင်းတော့ဘူး။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now