အပိုင်း (၉၄)

Start from the beginning
                                    

ဒါပေမယ့် အခုတော့ မြေတွေဝယ်ပြီးပြီဖြစ်လို့ သူတို့မေးရပါတော့မယ်။ သူတို့က ပိုင်လီလိုအေးအေးဆေးဆေး မနေနိုင်တော့ဘူးလေ။ ဘာလို့လဲဆိုတော့ နောက်နှစ် ဒီလိုအချိန်မှာ လယ်မြေတွေအတွက် အခွန်ဆောင်ရတော့မှာဖြစ်ပြီး အများစုက  စပါးစိုက်ပျိုးတဲ့ လယ်ကွက်တွေအတွက်ဆိုပေမယ့်လည်း ယခုတွင် ပိုင်လီနှင့်ပိုင်မိသားစုက လယ်ကွက်ငါးရာအတိစီ ရှိနေကျတာဖြစ်သည်။

ဒါကြောင့် သူတို့က နောက်နှစ်မှာ လယ်ကွက်ငါးရာစာစီ အခွန်ဆောင်ကျရတော့မှာပါ။ ဒီပမာဏက နောက်စရာမဟုတ်တာကြောင့်လည်း အမှန်တိုင်းပြောရရင်ပိုင် မိသားစုက ဖိအားအနည်းငယ်ကို ခံစားနေကျရပြီး သူတို့က ဒီလယ်ကွက်ငါးရာစာလုံးကို မစိုက်ပျိုးနိုင်မှာ စိုးရိမ်နေကျရသည်။

ဒါပေမယ့် သူတို့ရှေ့က ပိုင်လီကိုကြည့်ပါဦး။ သူက သူတို့လို လယ်ကွက်ငါးရာအပြင်ကို မြေကွက်ကို​လည်း ထောင့်ငါးရာအထိဝယ်ခဲ့ကာ မြေကွက်တွေက လယ်ကွက်တွေထက်စာရင် အခွန်အတော်လေးနည်းပါးပေမယ့်လည်း ပိုင်လီထံ၍ရှိနေသော ထောင့်ငါးရာဆိုသောပမာဏသည် နည်းသောပမာဏမဟုတ်ပေ။

ဒါကိုသူက ခုထိ အေးအေးဆေးဆေးထိုင်နေခဲ့လို့ ပိုင်အဖေနဲ့ပိုင်ကျန်းက အနည်းငယ် အားမရဖြစ်နေကျပါတယ်။

ပိုင်လီကမူ ပိုင်အဖေ၏စကားများကို ကြားပြီးနောက် အနည်းငယ်စဥ်းစားလိုက်ပြီး သူလက်တလောလုပ်မယ့်အရာများကို ပြောပြလိုက်၏။

"ကျွန်တော် ဘာဆက်လုပ်မလဲဆိုတော့ မြေကွက်ရိုင်းတွေကိုအရင်ရှင်းမယ် ပြီးရင် စပျစ်သီးတွေအရင်စိုက်မယ်လေ"

ပိုင်လီက ဝိုင်လုပ်ငန်းကို လုပ်ချင်သည့်အတွက် စပျစ်သီးပင်များသည် မပါမဖြစ် စိုက်ပျိုးရမည့်အပင်များပင်ဖြစ်သည်။ ဒါကြောင့် စပျစ်သီးအကြောင်းကို နည်းနည်းလေ့လာခဲ့ပေမယ့် ဒီမှာကစပျစ်သီးဆိုတာ ရွှေချောင်းတွေနဲ့မှဝယ်လို့ရပြီး တော်ဝင်မိသားစုတွေမှ စားနိုင်တဲ့အရာဖြစ်နေပါတယ်။

ဘာလို့ ဒီလောက်ရှားပါးရတာလဲဆိုတော့ စပျစ်သီးတွေက ဒီမှာ စိုက်ပျိုးရမလွယ်ပဲ အလွယ်တွေ့နိုင်တဲ့စပျစ်သီးတွေကလည်း စားမရလောက်အောင် ချဥ်တာကချဥ်၊ခါးတာကခါးနေလို့ပါပဲ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now