အပိုင်း (၂၉၆) ကြီးမြတ်လှတဲ့သခင်လေးက အခန်းလဲလိုက်တယ်

शुरू से प्रारंभ करें:
                                    

“မင်းကို ဆုချတဲ့အနေနဲ့ ဒီတစ်ယောက်ခန်းကို မင်းကို ပေးမယ်”

ဖုန်းရှန်သည် သူ့လက်ထဲက အခန်းကတ်ကို မျက်လုံးအဝိုင်းသားနှင့် စိုက်ကြည့်လိုက်ပြီး သတ္တိကို စုစည်းကာ ခက်ခက်ခဲခဲ ပြန်ငြင်းလိုက်လေသည်။

“ကျ-ကျွန်တော် ဆု မလိုချင်ဘူး”

သူက သူ့အိုင်ဒေါနဲ့ ပဲ တိတ်တိတ်ဆိတ်ဆိတ်အိပ်ချင်တာကို ကြီးမြတ်လှတဲ့သခင်လေးက ခွင့်မပြုဘူးတဲ့လေ။ ဒါက ဆု လို့ခေါ်သေးလို့လား။

“ဪ”

ချင်မော့သည် သူ့နှုတ်ခမ်းများကို ကွေးလိုက်ပြီး ချောမောကာအေးစက်စက်မျက်နှာထားနှင့် ပြောလိုက်သည်။

“ ဒုတိယသခင်လေး၊ ငါ မင်းရဲ့အကြံအဉာဏ်ကို တောင်းမိခဲ့လား မမှတ်မိတော့ပေမဲ့ မင်းဟာမင်း ထွက်သွားမလား ဒါမှမဟုတ် ဆွဲထုတ်ခံလားဆိုတာတော့ သိထားရမယ်”

ဖုန်းရှန်သည် ကြီးမြတ်လှသည့်သခင်လေးချင်က သူ့ကို ဒုတိယသခင်လေးဟုခေါ်လိုက်တိုင်း သူ့ကျောပြင်မှာ တောင့်တင်းသွားတတ်သည်။ ဒီတစ်ကြိမ်တွင် ပိုပြင်းထန်နေတော့သည်။

သူက သူ့အိုင်ဒေါနဲ့ မအိပ်ချင်လို့မဟုတ်ပါဘူး ဒါပေမဲ့ အဓိကက....အဓိကအကြောင်းက.... ကြီးမြတ်လှတဲ့သခင်လေးချင်က သူ့ကို ဖိအားတွေအရမ်းပေးထားလို့ပါ။

နောက်ဆုံးတွင် ဖုန်းရှန်သည် အေးခဲလှသည်ပတ်ဝန်းကျင်အနေအထားကို ထပ်သည်းမခံနိုင်တော့ပေ။ သူသည် သူအင်္ကျီများကို တိတ်ဆိတ်စွာထုပ်ပိုးကာ အခန်းဝသို့လျှောက်သွားလိုက်ပြီး တစ်ခါခြေလှမ်းတိုင်း တစ်ကြိမ် ပြန်လှည့်ကြည့်နေတော့သည်။

လောကကြီးက သိပ်ကို ဘက်လိုက်တာပဲ။

ဘာလို့ သူကပဲ လူတွေရဲ့ ဖိအားပေးခံနေတာရတာလဲ။။။

အနက်ရောင်ဝတ်စုံနဲ့ အစောင့်နှစ်ယောက်ကလဲ တံခါးဘေးမှာ ရပ်နေသေးတယ်။

ဒါ ကြီးမြတ်လှတဲ့သခင်လေးချင်က သူကို ခြိမ်းခြောက်နေတာ သိသာနေတာပဲကို။

ဖုန်းလေးသည် အလွန်ဝမ်းနည်းသွားလေသည်။ သူတနေ့လုံးမျှော်လင့်ထားရသော ညဝတ်ပါတီလေးမှာ သည်လိုနှင့် ပြီးဆုံးသွားတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2जहाँ कहानियाँ रहती हैं। अभी खोजें