အပိုင်း (၂၉၄) အလုံးစုံပျက်သုဥ်းခြင်း

Start from the beginning
                                    

သူသည် နဖူးပေါ်တွင်ချွေးသီးချွေးပေါက်များကျနေပြီး သူ့မျက်လုံးကို မှိတ်ထားလိုက်တော့သည်။

ဒါသည် စကားလုံးနှင့်ဖော်ပြ၍မရနိုင်သော ဖိစီးသည့် ခံစားချက်တစ်ခု ဖြစ်တော့သည်။

ထိုလူငယ်လေးသည် အန္တရာယ်ရှိဟန်မပေါ်သော်လည်း သူ့လက်ချောင်များက ဂိမ်းစက်ကို ထိလိုက်သည်နှင့် မွန်းကြပ်စေသည့်ခံစားချက်တစ်ခုကို ပေးနေသည့်အကြောင်းအရင်းကို သူသည် လုံးဝ နားမလည်နိုင်တော့ပေ။

ရှူဂျိ ထိုအကြောင်းကို တွေးနေစဥ်မှာပင် စခရင်ပေါ်မှ စည်းချက်သည် ပိုမြန်လာပြီး သံစဥ်ရမှတ်ကလည်း ပို၍ ရှုပ်ထွေးလာတော့သည်။

ရှူဂျိသည် သူ့လက်ချောင်းများသည် အမှားတစ်ခုလုပ်မိသည့်နောက် မြှား ၂ခုကို လွှတ်သွားတောသည်။

သူသည် စိတ်ရှုပ်နေသည်သာမက သီချင်းကိုက အလွန်ခက်သောကြာင့် ဖြစ်လေသည်။

ရှူဂျိက ပုံမှန်ဆို ရမှတ် ၉၀ ရနေကြဖြစ်တယ်။ ရမှတ် ၉၀ က အထင်သေးစရာတော့မဟုတ်လေဘူး။ ဒါက တိုကျိုတစ်ဝှမ်းလုံးမှာ ထိပ်ဆုံးရမှတ် ၃ခုထဲပါတယ်လို့ သတ်မှတ်ပြီးသားလေ။

သူ ဒီသီချင်းကို ရွေးတာကလဲ တဖက်လူကို အကြီးအကျယ် အထိနာစေချင်လို့ပေါ့။

ဒါပေမဲ့ ရှူဂျိ မထင်ထားတာက တဖက်လူက.... တဖက်လူက...

ရှူဂျိ၏လက်ချောင်းများ ခိုင်သွားပြီး ကစားနေရာမှ ရပ်လိုက်တော့သည်။

အကြောင်းမှာ ပေါက်ကွဲသံကြီးတစ်ခုကို သူကြားလိုက်ရသောကြောင့်ပင်။

ဂိမ်းပြီးသွား၍မဟုတ်ပဲ တဖက်လူမှ သူစံချိန်ကို ချိုးသွားသောကြောင့် ဖြစ်လေသည်။

ရှူဂျိသည် လည်ပင်းခိုင်လျက် ခေါင်းကို လှည့်လိုက်လေသည်။ မျက်လုံးများသည် သူ့စခရင်ပေါ်တွင် မရှိတော့ပဲ ဆက်တိုက် ကြောင်ကြည့်နေတော့သည်။

“Perfect”

ဖူကျို့သည် ဂိမ်းထဲတွင် လုံးဝနစ်မြောနေဟန်တူသည်။

သူမ၏ ညာဘက်လိုက်သာမက ဘယ်ဖက်လက်သည် ပျော့ပြောင်းက လှပနေလေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now