Part - 36 ( Zaw)

714 4 0
                                    


ပြဿနာတွေရဲ့ အဆုံးသတ်အနေနဲ့ ဦးမိုက်ကယ်က ပြန်ပေးဆွဲမှုနဲ့ထောင်ကျသွားခဲ့ပြီး အန်တီမာရီကတော့ ကုမ္မဏီအလုပ်တွေကို ရုန်းကန်ခဲ့သည် ။ သုတျာကိုယ်တိုင်လိုလိုလားလားနဲ့လက်မှတ်ထိုးပေးခဲ့တဲ့ ဘိုးဘွားတွေရဲ့ အမွေတွေဟာလည်း မစားထိုက်တဲ့သူလက်ထဲမှာ တစ်စတစ်စနဲ့ လုံးပါးပါးလာ၏။ ။

တစ်သက်လုံးက စီးပွားရေးကိုစိတ်မဝင်စားခဲ့တဲ့အန်တီမာရီမှာ
ကုမ္ပဏီအလုပ်တွေဝင်လုပ်ရတဲ့အခါ ဆုံးရှုံးမှုတွေဆက်တိုက်ကြုံရလေသည်။ ကြားရတဲ့သတင်းသဲ့သဲ့ကတော့ ကုမ္မဏီက လုံးဝကိုအရှုံးပေါ်နေပြီမို့ အခြားသူတစ်ယောက်ကိုရောင်းလိုက်ရသည်တဲ့ ။ ဒါကြောင့်ပဲ အိမ်နဲ့ခြံကိုရောင်းပြီး မလိမ္မာတဲ့
သားသမီးတွေနှင့်အတူ နယ်မြို့တစ်မြို့သို့ပြောင်းသွားရလေတော့သည်။ ပစ္စည်းဥစ္စာဆိုတာမျိုးကလည်း မစားထိုက်ရင်
အန်ထွက်တတ်တယ်ဆိုတဲ့စကားဟာ တကယ်မှန်ကန်တာပါလား ။

ရှင်းသန့်ကတော့ နိုင်ငံခြားကိုပြန်မသွားခင် ကိုယ့်ဆီကိုစာတစ်စောင်ပို့ပြီးတောင်းပန်ခဲ့သည်။ သူ့အမှားကြောင့် ကိုယ်ထိခိုက်ခဲ့ရတာကိုမြင်ရတော့ သူလဲရူးမတတ်ခံစားရကြောင်း၊
ယုတ်မာတဲ့လုပ်ရပ်တွေကို ကျူးလွန်ခဲ့တဲ့သူ့ကို ခွင့်လွှတ်ပေးခဲ့လို့ ပိုအားနာမိကြောင်း၊ ၊ အမှားတွေကို ပြန်ပြီးပြင်ဆင်လို့
မရပေမည့် ဘဝတစ်လျှောက်လုံး ဒီအမှားတွေကိုပြန်သုံးသပ်ပါ့မယ်။ ဘယ်လိုအမှားမျိုးကိုမှထပ်ပြီးမလုပ်မိအောင် သူ့ကိုသူ
ထိန်းချုပ်ပါ့မယ်။ ခွင့်လွှတ်ဖို့မတောင်းဆိုဝံ့ပေမည့်
ဘဝမှာ နောက်ကျပြီးမှတွေ့ခဲ့ရတဲ့အချစ်တစ်ခုကြုံခဲ့ရပြီး
အဲအချစ်က တကယ်စစ်မှန်ခဲ့တာလေးကိုတော့ အသိအမှတ်
ပြုပေးစေချင်ပါတယ်ဆိုတဲ့အကြောင်းတွေပေါ့ ။

မောင်ကတော့ စာကိုဖတ်ရင်း တောက်တခေါက်ခေါက် ။
ကိုယ်ကတော့ ထိတ်လန့်ဖို့ကောင်းတဲ့အကြောင်းအရာတစ်ချို့ကို မေ့လိုက်ချင်ယုံကလွဲရင် ရှင်းသန့်အပေါ်ကို ချစ်ခြင်းမုန်းခြင်းဆိုတဲ့ခံစားချက်တွေ ဘာဆိုဘာမှရှိမနေတော့ပါဘူး ။

ရှင်းသန့်မှမဟုတ်ပါဘူး ။ ဘယ်သူ့ကိုမှလဲ မမုန်းချင်တော့တာပါ ။ ဘယ်သူ့ကိုတော့မုန်းလိုက်တာဆိုတဲ့ ခံစားချက်ဆိုးကြီးကို ကိုယ့်စိတ်ထဲအထိသယ်ဆောင်ထားပြီး သူတို့တွေကို
ကိုယ့်အတွေးရပ်ဝန်းထဲမှာနေရာမပေးချင် ။ အနည်းဆုံးတော့ ကိုယ့်အပေါ်မကောင်းတဲ့သူတွေရဲ့ကျေးဇူးနဲ့ ကိုယ့်အပေါ်
ကောင်းပေးတဲ့သူတွေကို ရှာတွေ့ခဲ့ရတာပဲလေ ။လောကကြီးထဲမှာ ကြုံတွေ့လာရတဲ့ အကြောင်းအရာတွေအားလုံးကို
ကောင်းတဲ့ဘက်ကပဲရှုမြင်လိုက်ပါတော့သည် ။ အနည်းဆုံးတော့ ကိုယ်ရော ကိုယ့်ပတ်ဝန်းကျင်ပါ ငြိမ်းချမ်းသွားရတာပဲမို့လားကွယ် ။

သု တျာ ( သုတ်ာ ) Uni+Zaw ( Completed) Where stories live. Discover now