Part - 20 (Uni )

2K 70 3
                                    

မနက်မိုးလင်းလို့ မောင်တို့အိမ်ဘက်က ကားနှစ်စီးထွက်သွားတာကိုမြင်လိုက်မှ သုတျာလည်း တစ်ဖက်အိမ်ကိုကူးသွားလိုက်သည် ။

မနက်ဖြန်ဆို ကိုယ်က လက်ထပ်ရတော့မည် ။
စေ့စပ်တယ်လို့ခေါင်းစဉ်တပ်ထားပေမည့် လက်ထပ်စာချုပ်မှာ တရားဝင်လက်မှတ်ထိုးရမယ့်ပွဲ ။ ရီစရာတော့ကောင်းသားလား ။ အခုချိန်ထိ ကိုယ်နဲ့လက်ထပ်ရမည့်မိန်းကလေးနဲ့
နှစ်ယောက်ထဲစကားအတူတူမပြောဖူးသေး ။ အဲလို
မိန်းကလေးကို ရက်ပိုင်းလေးအတွင်း လက်ထပ်ရမှာတဲ့ ။
ကိုယ့်အတွက်တော့ အိမ်ထောင်ပြုခြင်းဟာ ဟင်းရွက်
ကန်စွန်းရောင်းတာထက်ကို ပိုပြီးလွယ်ကူလွန်းနေပါသည် ။

အခန်းတံခါးကိုဖွင့်ပြီး အထဲကိုဝင်လိုက်တဲ့အချိန်
ကုတင်စောင်းမှာထိုင်ရင်း စီးကရက်သောက်နေတဲ့
မောင့်ကိုတွေ့လိုက်ရသည် ။ ကိုယ်နဲ့အတူတူရှိနေရင်
ဘယ်တုန်းကမှ စီးကရက်ကိုမလိုအပ်တဲ့မောင်ပါ ။
တံခါးဖွင့်သံကြားရလို့ လှမ်းကြည့်လာတဲ့ မျက်လုံးတွေက
ခပ်အစ်အစ်ဖြစ်နေတာမို့ ညက သူမအိပ်ဘူးဆိုတာ
သိသာနေသည် ။ ကိုယ့်ကိုမြင်တာနဲ့ မျက်နှာကပြုံးသွား၏။

" အချစ်!!  မောင့်ဆီပြန်လာတာလား "

" စကားပြောကျရအောင်လား မောင် "

ကိုယ့်လေသံက အေးစက်စက်မို့ သူ့မျက်နှာလေးငယ်
သွားရသည်။

" အင်းပါ ပြောလေ အချစ် "

သုတျာလဲ မောင့်ဘေးနားဝင်ထိုင်လိုက်ပြီး တော်တော်ကြာအောင်ငြိမ်နေမိသည် ။ မောင်ကတော့ စီးကရက်တွေကိုသာ သဲကြီးမဲကြီးဖွာရှိုက်နေတော့၏ ။ ပြီးကာမှ စီးကရက်ကို
မီးသတ်လိုက်သည်။

" အချစ် ! ဘာပြောဖို့လဲ မောင်စောင့်ပြီးနားထောင်
နေတယ်နော် "

မောင့်ဆီကနေ စကားသံကိုကြားရတဲ့အခါ ဘယ်တုန်းကမှ
မပြောချင်ခဲ့သော ၊ ပြောရမယ်မထင်သော စကားတစ်ခွန်းကိုဆိုလိုက်မိတော့သည် ။

" ချစ်တို့ လမ်းခွဲကျရအောင် မောင် "

မပြောလို့မဖြစ်သည့်စကားကို အားတင်းကာပြောလိုက်သည်။ ရင်အကွဲခံပြီး ကျေးဇူးဆပ်မိတာများလား ။ မဟုတ်ဘူး
ဒါဟာ ကိုယ့်ရဲ့ယောကျ်ားမာနအတွက်သာဖြစ်လိမ့်မည်။

သု တျာ ( သုတ်ာ ) Uni+Zaw ( Completed) Where stories live. Discover now