Part - 8 (Unicode )

2.1K 82 5
                                    

စကားဆုံးတာနဲ့ အနမ်းတို့ရပ်တန့်သွား၏ ။ ကိုယ်အိပ်ယာပေါ်ကနေ ထထိုင်လိုက်လိုက်တဲ့အချိန် သူကတော့ အိပ်ယာပေါ်ပက်လက်လှဲချလိုက်သည် ။  ဘေးနားမှာ အဆင်သင့်ရှိနေတဲ့ခေါင်းအုံးကိုယူကာ  အချက်ပေါင်းများစွာရိုက်နေမိတာကိုလည်း
ငြိမ်ပြီးခံနေသည်။

" ငါ့ကို အိမ်ကနေဘယ်လိုခေါ်လာတာလဲ "

" ချီလာတာလေ မောလိုက်တာမှ "

" နောက်ဆို မင်းငါ့ကိုအခုလိုတွေလုပ်ကြည့်။ သေအောင်သတ်ပစ်မယ် "

" အခုလိုလုပ်ကြည့်ဆိုတာက ဘာကိုပြောတာလဲ ချီခေါ်လာတာကိုလား နမ်းတာကိုလား ရှင်းရှင်းလင်းလင်းပြော "

" နမ်းတာကိုပြောနေတာလေ ခွေးကောင်ရဲ့ ။
အဲလိုမကောင်းတဲ့အတတ်တွေကို ဘယ်ကနေဘယ်လိုတတ် လာရပြန်တာလဲ။ အသက်က လက်တစ်ဆစ်နဲ့ "

" မကောင်းတဲ့အတတ်မဟုတ်ပါဘူး ။နမ်းရတာဘယ်လောက်ကောင်းလဲ လူကတိမ်တွေပေါ်ဝဲပျံနေရသလိုပဲ ငါဖြင့်ရပ်တောင်မရပ်ချင်ဘူး "

အထိန်းအကွပ်မဲ့တဲ့စကားတွေကြောင့် သုတျာတကယ်ရှက် သွားရပြန်သည်။

" ခွေးကောင်! မင်းပါးစပ်ကိုအခုပိတ်နော် ငါဆွဲထိုးမိတော့မယ် ။ မကောင်းတဲ့အတတ်ပေါင်းစုံကိုတတ်နေလိုက် ။ငါမေးတာဖြေစမ်း ။မင်းအဲဒါတွေကို ဘယ်ကနေဘယ်လိုတတ်လာတာလဲလို့ "

" ဖုန်းတစ်လုံးရှိရင် အကုန်သင်လို့ရတယ် နားလည်လား ။ ငါလဲ ဖုန်းထဲကနေပဲလေ့လာထားတာ ။နောက်တစ်ချိန်
ငါအတွက်ရော သုတျာအတွက်ပါအဆင်သင့်ဖြစ်အောင်
လေ့လာထားပြီးပြီ။ လက်တွေအသုံးချဖို့ကတော့ သုတျာ
အသက်မပြည့်သေးလို့စောင့်နေတာ "

" ဒီခွေးကောင်ကတော့ ပြောလေဆိုးလေပဲ "

ဆက်ကတော့  ကိုယ်ပါးတစ်ဖက်ကို ဖျက်ခနဲနမ်းလိုက်ရင်း ...

" ငါ့ကို အသဲယားအောင်လာမလုပ်နဲ့နော် ကြောင်ပေါက်လေး ။ သမီးရည်စားတောင်မဖြစ်လိုက်ရပဲ အခုချက်ချင်း မင်္ဂလာဦးညဖြစ်သွားမယ် "

" သျှန်းဆက်ရှိန်ဝါ! !!! မင်း ..."

" ငါ ကြောင်ပေါက်လေးကို အခုမှချစ်တာမဟုတ်ဘူး ။
အဲဒီအချစ်ဆိုတာကြီးက ဘာလဲဆိုတာကိုစသိထဲကပဲ ။
ကိုယ်မင်းကိုအရမ်းချစ်တယ် ကြောင်ပေါက်လေးရယ့် "

သု တျာ ( သုတ်ာ ) Uni+Zaw ( Completed) Where stories live. Discover now