Part - 15 (Unicode)

1.9K 72 2
                                    

အချိန်တွေကိုဖြတ်သန်းလာရင်း အောင်စာရင်ထွက်သည့်
ရက်ကိုရောက်လာပါတော့သည် ။ အစထဲက မှန်းထားတဲ့အတိုင်း သုတျာက အင်္ဂလိပ် ၊ဓာတု ၊ ရူပ သုံးဘာသာဂုဏ်ထူးပါသလို ၊ကိုယ်က ဘာသာစုံဂုဏ်ထူးနဲ့အောင်ခဲ့သည် ။ ဒေဗစ်နဲ့ သရဖီကတော့ ဂုဏ်ထူးတစ်ယောက်တစ်ခုစီပါခဲ့တာမို့
နှစ်အိမ်စလုံး အပျော်တွေအပြည့် ။

သုတျာက တက္ကသိုလ်ဝင်ခွင့်ဖောင်ဖြည့်တဲ့အချိန်ကျရင်က
Eမေဂျာတက်မယ်လို့ ပြောလာတာကြောင့် ကိုယ်လဲ Eမေဂျာလျှောက်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည် ။ ဒီဆုံးဖြတ်ချက်အတွက် ပထမဆုံးအတိုက်အခံပြောရသူကတော့ ဖေဖေနဲ့မေမေပါပဲ ။ မိဘတွေရဲ့သဘောက အဒေါ်တွေရှိတဲ့ အင်္ဂလန်မှာကျောင်းသွားတက်စေချင်သည်။ ကိုယ်ကမတက်နိုင်ပါဘူး ခါးခါးသီးသီးငြင်းတဲ့အခါမှာတော့ ဆေးတက္ကသိုလ်ကိုရွေးချယ်ဖို့နားချကြပြန်သည် ။

ဆက်အတွေးကတော့ ရိုးရှင်းပါတယ် ။ အချိန်တန်ရင်
မိသားစုစီးပွားရေးကို ဦးဆောင်ရမည့်ကိုယ့်အနေနဲ့
ဘယ်တက္ကသိုလ်ရဲ့ ဘွဲ့ရဆိုတာက ဘာများအသုံးပြုလို့ရမှာ
လဲ ။ နောက်ပြီး တက္ကသိုလ်နယ်မြေထဲ ကြောင်ပေါက်လေး တစ်ယောက်ထဲ စိတ်ချလက်ချလွှတ်လိုက်ရအောင်အထိ
ကိုယ်က မရူးသေး ။

ဒီတစ်ခါတော့ ဖေဖေနှင့်မေမေက သဘောထားတစ်ခုထဲမို့
အိမ်တွင်းတိုက်ပွဲ အတော်ပြင်းထန်သွားရပါတော့သည် ။
မိဘတွေကလဲ နိုင်ငံခြားမှမသွားဘူးဆိုရင် ဆေးကျောင်းတက် ။ ကိုယ်ကလည်း Eမေဂျာကို လုံးဝမလျှော့ ။

နောက်ဆုံးတော့ လုပ်စရာနည်းလမ်းတစ်ခုကို မဖြစ်မနေရွေးချယ်လိုက်ရပါတော့သည် ။ အခန်းတံခါးပိတ်ပြီး အပြင်ကိုလုံးဝ
မထွက်တော့ပဲ အစာအငတ်ခံဆန္ဒပြတာ ။  သုတျာကိုယ်တိုင် ကိုယ့်အခန်းတံခါးလာခေါက်ပြီး ဖျောင်းဖျတာတောင် တံခါးဖွင့်မပေးတော့ပါဘူး ။

ဒါက သူနဲ့အတူတူတက္ကသိုလ်မြေကို ခြေချနိုင်ဖို့
ပထမဆုံးတိုက်ရတဲ့တိုက်ပွဲ ။ ဒီပွဲမှာ ကိုယ်အလျှော့
ပေးလိုက်ရင် နောက်ပိုင်း ဘဝနှစ်ခုကိုပေါင်းစည်းဖို့
မိဘတွေဆီမှာ တရားဝင်ခွင့်တောင်းရတဲ့တိုက်ပွဲကို
ဘယ်လိုဖြတ်ကျော်နိုင်ပါ့မလဲ ။နှစ်ရက်မြောက်နေ့မှာတော့
အခန်းတံခါးဖျက်ပြီး ကိုယ့်အခန်းထဲဝင်လာကျတော့သည် ။

သု တျာ ( သုတ်ာ ) Uni+Zaw ( Completed) Where stories live. Discover now