" မောင်! မနက်ကျရင် စက်ရုံတွေသွားစစ်ရမှာဆို "
" ဟုတ်တယ်ချစ် ဖေဖေတော့ မလိုက်တော့ဘူးတဲ့ "
" အဲဒါဆို ရုံးကိုမောင့်ဘာသာ သွားလိုက်တော့နော်။
ညနေပြန်လာရင် ချစ်နဲ့အချိန်မတူပဲနေလိမ့်မယ် "" အင်း !အဲလိုလုပ်ရမလား ။ ချစ်ကတစ်ယောက်ထဲ
ဖြစ်ပါ့မလား "" မဖြစ်စရာ ဘာရှိလို့လဲ "
" မောင်စိတ်ပူလို့ပါ ကားမောင်းရင်တော့ ဂရုစိုက်နော်ချစ်။ ဖြေးဖြေးပဲမောင်း "
" အင်းပါ စိတ်ပူမနေနဲ့ အလုပ်ကိုသာအာရုံစိုက် "
" အလုပ်ပြီးရင် ဖေဖေတို့က ပြောစရာရှိလို့တဲ့ "
" ချစ်ကိုပါ ခေါ်တာလား "
" ဟုတ်တယ် နှစ်ယောက်စလုံး "
" ဘာအရေးကြီးတာ ပြောမလို့လဲမသိဘူး။
သွားကြမယ်လေ လူကြီးတွေကစောင့်နေရဦးမယ် "" ဟုတ်ပါပြီဗျာ သွားကျရအောင် "
ဧည့်ခန်းထဲရောက်တာနဲ့ လူကြီးတွေကအသင့်စောင့်နေသည် ။
" ဟော သားတို့တောင်လာပြီ "
မောင်နဲ့ကိုယ်က ထိုင်ခုံမှာဝင်ထိုင်လိုက်သည်။
" သားတို့ကို အရေးကြီးတာပြောစရာရှိလို့ပါ ။ အလုပ်
ကိစ္စတော့မဟုတ်ဘူး မိသားစုအရေးဆိုပါတော့ "အလုပ်ကိစ္စမဟုတ်တဲ့ မိသားစုအရေးဆိုတာကြောင့်
သုတျာပိုပြီးစိတ်ဝင်စားသွားရပြန်သည် ။" အရင်ဆုံးသုတျာကို အန်တီမြတ် မေးချင်တာကလေ
တစ်ချိန်တုန်းက သားကို ဆက်နဲ့ပတ်သက်ပြီး ပြောခဲ့ဖူးတာ သားဘယ်လိုသဘောထားခဲ့လဲ ။ အန်တီမြတ်က အရမ်းကြီးတရားလွန်ပြောခဲ့တာလို့ သားထင်ခဲ့လား ။ အမှန်တိုင်းဖြေပေး "အမေးစကားကို ရိုးသားစွာပဲပြန်ဖြေလိုက်သည်။
" မထင်ခဲ့ပါဘူး။ အဲတုန်းက တစ်ချို့စကားတွေကို စိတ်မကောင်းဖြစ်ခဲ့တာမှန်ပေမဲ့ အပြည့်အဝနားလည်ခဲ့ပါတယ်။ သားအပေါ်မှာ ဘယ်လိုသဘောထားခဲ့လဲဆိုတာကို သိနေတာပဲ ။ မိခင်တစ်ယောက်ရဲ့စိုးရိမ်စိတ်ကို အပြည့်အဝနားလည်ခဲ့တာအမှန်ပါ "
YOU ARE READING
သု တျာ ( သုတ်ာ ) Uni+Zaw ( Completed)