Part - 18 ( Uni )

1.8K 61 1
                                    

" မင်းတူကို ဒီအတိုင်းလွှတ်ထားတော့မှာလား မာရီ။
မိုးလင်းမိုးချုပ်တစ်ဖက်အိမ်မှာနေ,နေတာ မင်းတူသာမိန်းကလေးဆိုရင် ဆက်ရှိန်ဝါလက်ချက်နဲ့ ဗိုက်ကြီးတာကြာလှပြီ"

" အိမ်မှာမနေတော့ ရှင်ကျွေးရတာ သက်သာတာပေါ့ ။သူ့ဟာသူ လွတ်ရာကျွတ်ရာနေပါစေ "

" အေး သက်သာတယ်လုပ်နေ ။မင်းတူအသက်နှစ်ဆယ့်ငါးနှစ်ပြည့်တာနဲ့ သူ့အမွေတွေလွှဲပေးရမှာ ။ အဲတော့ကျမှ အကုန်လုံးအိမ်ပေါ်ကနေ ခွေးလိုဆင်းပြေးနေရမယ်။ ငါရှေ့နေ့ကြီးဆီကနေ စကားနှိုက်လာတယ်။ သုတျာ အသက်နှစ်ဆယ့်ငါးနှစ်မပြည့်ခင်အိမ်ထောင်ပြုရင် သူ့အမွေတွေကို မိသားစုကထိန်းသိမ်းပေးရမယ်တဲ့ "

ကြားလိုက်ရတဲ့စကားကြောင့် ဒေါ်မာရီ အံ့သြသွားရသည်။

" ဒါဆိုရင် ရှင်ပြောချင်တာက ... "

" ငါတို့လုပ်ရမှာတစ်ခုပဲရှိတယ်။ မင်းတူကို မိန်းမပေးစားဖို့ပဲ ။ သူသာမိန်းမရသွားရင် သူ့အမွေတွေကို ငါတို့အုပ်ထိန်းခွင့်ရမှာ ။ အခု သူကျောင်းတက်နေတာတွေကိုလဲ ငါတို့ထားပေးတယ်ထင်နေပြီး ရှေ့နေကြီးက ငါတို့ကိုယုံကြည်နေတာ ။ဒါကအခွင့်အရေးပဲ "

" ဒါဆိုရင်အဆင်ပြေတာပေါ့။) ကျွန်မလဲ ဒီကောင်လေးကို လွှတ်ထားတာမဟုတ်ဘူး ။သူ့ကျောင်းတက်နေပေမဲ့
သူ့သတင်းတွေနားစွံ့နေတာပါ ။သူနဲ့ အတန်းအတူတူ
မေဂျာအတူတူတက်နေတဲ့အထဲက သူ့ကိုသဘောကျနေတဲ့ကောင်မလေးရှိတယ် ဟေမာန်နှင်းတဲ့ ။ သူ့မိဘတွေကို ရှင်သိတယ်မို့လား ။Seven Star ကုမ္မဏီပိုင်ရှင် ဦးထွန်းတောက်နဲ့ ဒေါ်မေနှင်းလေ "

" အေးသိတယ် ဦးထွန်းတောက်က ငါနဲ့ ဂေါက်ရိုက်
ဖော်ရိုက်ဖက် ။  ဒီ Sundayတောင် ချိန်းထားသေးတယ် "

" အင်းလေ ဒီလောက်ရင်းနှီးနေရင် သားရေးသမီးရေးတီးခေါက်ကြည့်ပါလား ။သူတို့နဲ့သာ အဆင်ပြေရင် ကျမတို့ကတော့ ထီပေါက်တာပဲ ။ ဟိုကောင်လေးအမွေတွေလဲရမယ် ။
တစ်ဖက်ဦးထွန်းတောက်တို့်ဆီက ကုမ္မဏီအတွက် အကူအညီရနိုင်တယ် "

" အေး !! ဟုတ်တယ် ငါအလိမ္မာသုံးပြီး သူတို့မိသားစုကို အိမ်ကိုထမင်းစားဖိတ်ခဲ့မယ်။ အဲတော့မှ စေသုတျာနဲ့ကောင်မလေးကို အရင်တွေ့ပလေ့စေ "

သု တျာ ( သုတ်ာ ) Uni+Zaw ( Completed) Where stories live. Discover now