Part -4 ( Unicode)

2.3K 102 3
                                    

ညနေကျောင်းဆင်းချိန် ကားပေါ်ရောက်တဲ့အထိ ကိုယ့်ကို စကားတစ်ခွန်းမှမပြောတဲ့ သုတျာကြောင့် ဂနာမငြိမ်ဖြစ်နေရတဲ့သူက ဆက်ကိုယ်တိုင်ပင်ဖြစ်သည် ။ တစ်လောကလုံးကို ဂရုမစိုက်တတ်တဲ့ကိုယ့်မှာ ဒီကြောင်ပေါက်လေးအတွက်ဆိုရင် အချိန်ပြည့်သွေးဆူနေတတ်တာ အကျင့်တစ်ခုလိုတောင် ဖြစ်နေပါပြီ ။

" သုတျာ "

" ဘာလဲ ဆက် "

လူတိုင်းက ရှိန်ဝါလို့ခေါ်တဲ့ကိုယ့်ကို သူတစ်ယောက်ပဲ ထူးထူးခြားခြား ဆက်လို့ ခေါ်တတ်သည် ။ မှတ်မှတ်ရရ မူလတန်းလောက်ထဲကပေါ့ ။သူက ဆက်လို့ခေါ်ထဲက အခြားဘယ်သူကိုမှ ဒီနာမည်စာလုံးကို ခေါ်ဖို့ခွင့်မပြုခဲ့ ။ ဒါ သုတျာအတွက် ကိုယ့်ရဲ့သီးသန့်အမှတ်အသားလေး ။

" စိတ်ဆိုးနေတာလားဟင် "

" ဘာကို စိတ်ဆိုးရမှာလဲ "

" ကျောင်းမှာ ငါပြဿနာရှာလိုက်မိလို့ "

" အဲလိုတွေမေးမေးပြီး တစ်ခါမှဒေါသကိုမထိန်းတာ ဘယ် သူလဲ "

" ငါပဲလေ "

အရီတစ်ဝက်နှင့် ပြန်ဖြေလိုက်မိသည်။

" ကိုယ့်အကြောင်းတော့ ကိုယ်သိသားပဲ "

" ကိုယ့်အကြောင်းကိုယ်သိပါတယ် ။ ဒေါသထွက်တာကလဲ အကြောင်းရှိတယ်လေ သုတျာရယ် ။ သူက ကိုယ့်ကြောင်ပေါက်လေးခေါင်းကိုလာရိုက်တာကိုး ။ ကိုယ်တောင်မထိရက် တာကို "

သုတျာကတော့ အစဉ်အေးချမ်းနေတတ်တဲ့ သူမျက်နှာကြည်ကြည်လင်လင်လေးနှင့် တည်တည်ငြိမ်ငြိမ်နှင့်စကားဆိုလာသည်။

" လာရိုက်တော့ရော ဘာဖြစ်လဲဆက်ရယ် ။ အဲဒါနဲ့ပဲ ထောက်ချွန်နဲ့ပေါက်စရာလား ။ တစ်ခါထဲလဲမဟုတ်ဘူး  နောက် တစ်ခါက သူ့မျက်နှာကိုထိုးချလိုက်တာ ။ ငါအဆွဲမြန်လို့ပေါ့
မမြန်ရင် ပြဿနာကတော်တော်ကြီးတော့မှာ "

" ဘာမှမဖြစ်ဘူး  ပြဿနာဖြစ်လဲ ဖေဖေတို့ရှင်းပေးလိမ့်မယ် "

" ဒါပေမဲ့ ငါ့ကြောင့်ဖြစ်တဲ့ပြဿနာဆိုတာသိသွားရင် ငါက ဘယ်ကောင်းတော့မလဲ ။ နောက်ပြီး သူတို့ပြောတာမမှားဘူး ။ ငါက တကယ်လဲ ဒေးဗစ်တို့အိမ်ကအလုပ်သမားပဲလေ "

သု တျာ ( သုတ်ာ ) Uni+Zaw ( Completed) Where stories live. Discover now