Part - 29 ( Uni)

2K 74 1
                                    

သုတျာ!! သုတျာ !! မင်းဘယ်မှာလဲ "

ကားပေါ်ကနေဆင်းတာနဲ့ အိမ်ထဲကို မေးသံနဲ့အတူတူပြေးဝင်လာတဲ့ မောင့်ရဲ့အသံကို ကြားလိုက်ရတာကြောင့်
ကိုယ့်ဘေးမှာအဆင်သင့်ယူထားတဲ့ ဖန်ခွက်ငယ်ကိုကြမ်းပေါ်
ပစ်ချလိုက်သည် ။ သိပ်မကျယ်လှတဲ့ ခွက်ခနဲမြည်သံနဲ့အတူတူ ကြမ်းပေါ်မှာ အစိတ်စိတ်အမွှာမွှာကွဲသွားတဲ့
ဖန်ခွက်လေး ။

ဖန်ခွက်ကိုခွဲပြီးတာနဲ့ ကိုယ့်မျက်နှာအနေအထားကို နာကျင်နေတဲ့ပုံဖြစ်အောင်ပြင်ဆင်လိုက်ရင်း ထမင်းစားပွဲဘေးက
ထိုင်ခုံလေးမှာ ခြေထောက်နှစ်ချောင်းတင်ပြီး ထိုင်နေလိုက်သည် ။ အချိန်ကိုက်ဆိုသလိုပဲ မောင်က အခန်းထဲပြေးဝင်လာတဲ့အချိန် ကိုယ်ကခုံပေါ်မှာထိုင်ရက်သား ။ မင်းတော်တယ် သုတျာ ။

" သုတျာ!! ခြေထောက်က ဘာဖြစ်တာလဲ ကိုယ့်ကိုပြောစမ်း "

ဆက်က သုတျာအနားရောက်ပြီးမှ အခန်းထဲဝေ့ကြည့်လိုက်တဲ့အချိန် ပြန့်ကျဲနေတဲ့ဖန်ခွက်စတွေက နေရာအနှံ့ ။ သုတျာအနားကိုကပ်သွားလိုက်ရင်း သူ့ခြေထောက်နှစ်ဖက်စလုံးကိုဆွဲယူပြီးကြည့်လိုက်တဲ့အခါ ခြေထောက်တစ်ဖက်ကနီရဲလို့ ။
သုတျာကတော့ အခုထိ ကိုယ်မေးတာကိုမဖြေသေး ။

" ဘာဖြစ်တာလဲ ပြောစမ်းလို့ မေးနေတာကိုကွာ။ မထုံတထေးသိပ်လုပ်တာပဲ "

" နာတယ်မောင်! လက်လွှတ်လိုက် "

သုတျာခြေထောက်ကတော့ တကယ်နာနေတာပါ ။
ပွတ်ပွတ်ဆူနေတဲ့ရေနွေးပူတွေ ကိုယ့်ခြေခုံပေါ်ကို
ကိုယ့်ဘာသာလောင်းချခဲ့တာလေ ။ မနာခံနိုင်ရိုးလား ။
ဒီတိုင်းနေရင်တောင် ကြမ်းကြမ်းတမ်းတမ်းထိလို့မရတဲ့
ကိုယ်အသားအရည်အပေါ်ကို ရေနွေးပူပူလောင်းချခဲ့တာပဲဟာ မနာကျင်ပဲနေမလားမောင်ရယ် ။ မှတ်ထားမောင် နောက်ဆို အချစ်ကိုတစ်ယောက်ထဲထားခဲ့ဖို့ ဘယ်တော့မှစိတ်မကူးလေနဲ့ ။ နောင်တကို လှလှပပလေးရသွားစေရမယ် ။ ဒါကအစပဲရှိသေးတာ ။

" ဘာဖြစ်တာလဲလို့ မောင်မေးနေတယ်လေ ဖြေဦး "

သူ့ကိုယ့်သူသတိမထားမိခင်ပဲ မောင်လို့သုံးလိုက်တဲ့ ကိုယ့်ချစ်သူလေး ။

သု တျာ ( သုတ်ာ ) Uni+Zaw ( Completed) Where stories live. Discover now