Part -11 (Unicode)

2.1K 77 2
                                    

တကယ်တော့ မှော်ဘီခြံမှာ သုတျာနဲ့အေးအေးဆေးဆေး
နေချင်သေးသော်လည်း မေမေက ပြင်ဦးလွင်ကို လိုက်လာစေချင်နေတာကြောင့် နောက်တစ်နေ့မနက်အရောက်မှာ ရန်ကုန်အိမ်ကိုပြန်လာရသည် ။ မှော်ဘီခြံထဲမှာအချစ်ကြမ်းခဲ့မိလို့
သုတျာက ကိုယ့်ကိုအနားအကပ်မခံတော့ချေ။

" Hello မေမေ "

" သားသား ဒီနေ့လာမှာမို့လား "

" မနက်မှစောစောလာခဲ့မယ်နော်မေမေ။ သား ခေါင်းနည်းနည်းကိုက်နေလို့ "

" ဟယ် ဆေးထိုးလေ၊  ဒေါက်တာသီဟကို မေမေဖုန်းဆက်လိုက်မယ်"

" အခုဆေးသောက်ထားတယ်မေမေ။ မသက်သာမှ သားဘာသာဖုန်းဆက်လိုက်မယ် "

" ဂရုစိုက်နော်သားသား မေမေပြန်လာရမလား "

" မလာပါနဲ့မေမေရယ် သားလိုက်လာပါ့မယ် ။အခုသားနားချင်လို့ "

" နားလိုက်သားသား "

" ဟုတ်ကဲ့မေမေ ဒါပဲနော် "

ခေါင်းက တကယ်ကိုက်နေတာပါ မေမေရယ် ။ အသစ်စက်စက်ရည်းစားလေးကို ဘယ်လိုချော့ရမလဲတွေးပြီး ခေါင်းကိုက်နေရပါပြီ ။

" သုတ ျ ာ ၊ ကြောင်ပေါက် ကိုယ့် Baby လေး ဟီး!!! "

သုတ ျ ာ က သူ့ကိုခေါ်လိုက်တာနဲ့ အနားမှာရှိနေတဲ့ ခေါင်းအုံးနဲ့လှမ်းပေါက်လာသည်။

" ငါ့ကို ဗြိတိစပ်ဖြဲရုပ်နဲ့ လာရီပြမနေနဲ့။  ပြင်ဦးလွင်ကို
သေတောင်မလိုက်ဘူး "

" ဘာလို့လဲဟင် "

ဆက်ရဲ့ ညှောင်နာနာနဲ့ ပြန်မေးသံအဆုံးမှာ

" ငါ့ကိုငါ စိတ်မချတော့လို့ရှင်းလား ။မင်ကယုံကြည်လို့
မရတော့ဘူးလေ။ ဒီနေ့ကစပြီး မင်းနဲ့ငါ တစ်ခန်းထဲအိပ်ရရင် ကုတင်ခွဲအိပ်မယ် ။ နို့မို့ဆို ငါမလွယ်ဘူး။ လက်ပူလိုက်ပြီး လုံးပါးပါးလိမ့်မယ် "

ဆက်မှာတော့ ကြားလိုက်ရတဲ့စကားကြောင့် အီလည်လည်ဖြစ်သွားပြီး မချိသွားဖြဲရီပြလိုက်ရတော့သည် ။

" အဟဲ !! ဟိုလေ လိုက်ခဲ့ပါ Baby ရယ်။ ကိုယ် ကတိပေးပါတယ် ။ဟိုရောက်ရင် ဘာမှကိုမဘာဘူး ။အလှပဲကြည့်နေမှာ တကယ်ပြောတာ ။ နောက်ဆိုမဖြစ်စေရပါဘူးကွာ ကိုယ်ထပ်ပြီး အဲလိုတွေလုပ်မိရင် Baby ကြိုက်သလိုအပြစ်ပေးနော် ။ ပါးရိုက်ချင်လဲရိုက် ခြေထောက်နဲ့ကန်ချင်ရင်လဲကန် တကယ်ပြောတာ အခုကန်ချင်ရင်လဲရတယ် ကန်လိုက် "

သု တျာ ( သုတ်ာ ) Uni+Zaw ( Completed) Where stories live. Discover now