Part - 17 ( Zaw )

652 8 0
                                    

" ဟောဗျာ မောင့်ကိုဘာလို့များ လူယုတ်မာဆိုရပြန်တာတုန်း ။ မောင်က အလိုက်သိတာလေ ။ ဒီနေ့မှာ ဒါတွေက လိုကို
လိုအပ်တယ်လေ အချစ်ရယ် ။ အဲဒါမို့လို့ သေချာလေးကို
ဝယ်လာခဲ့တာ "

ကိုယ့်ဘာသာအတွေးနဲ့ရှက်နေတုန်း သူ့လက်ထဲကပန်းစည်းက လူကိုပိုရှက်အောင်လုပ်နေသည် ။ မရှက်ဘဲခံနိုင်ရိုးလား ။
ပန်စည်းလို့သာပြောတာ ။ ပန်းနဲ့တူတာ တစ်ပွင့်မှမပါဘဲ Lubricant ဗူးအကြီးအသေးဆိုဒ်စုံနဲ့ တစ်ကိုယ်ရေသန့်ရှင်းဖို့ ပစ္စည်းတွေကို လှလှပပထုတ်ပိုးထားတာ ။ ဘယ်လောက်တောင် မျက်နှာပြောင်လိုက်သလဲလို့ ။

" ယူလေအချစ် မောင်က လက်ဆောင်ပေးတာကို "

" မယူဘူး "

" မယူဘူးဆို မောင်က ဒါတွေကို တစ်ခုမှသုံးစရာမလိုဘူးဆိုတဲ့သဘောလား "

" မင်း! !! "

" အခုချိန်ကစပြီး မင်းလို့တစ်ခါပြောတိုင်း မောင်နဲ့
တစ်ခါနေပေးရမယ်။  မယုံရင်ထပ်ပြောကြည့်လိုက် "

ကြားလိုက်ရတဲ့စကားကြောင့်  စကားပင်ရှေ့ဆက်မပြောရဲတော့ချေ  ။ ဒီကောင်က တကယ်လုပ်မယ့်ကောင်။

ဆက်ကတော့ ကိုယ့်အရှေ့ကလူကိုသဘောကျပြီး ပြုံးလိုက်မိသည် ။ သူ့လက်ထဲ ပန်းစည်းကိုထည့်ပေးလိုက်၏။

" အချစ် အဆင်ပြေသလိုသုံးလိုက်။ ပြီးမှမောင်ရေချိုးခန်းထပ်ဝင်ဦးမယ် "

ဆက်ရဲ့ စကားဆုံးတာနဲ့ သုတျာလဲ ရေချိုးခန်းထဲကို
ဆောင့်ဆောင့်အောင့်အောင့်ဖြင့် ဝင်လာလိုက်ရသည် ။
ဆက်ကလေ လူကိုရှက်ရအောင်သိပ်လုပ်တဲ့ကောင် ။
ဒီနေ့ကတော့ ကိုယ်မပေးလဲ သူကရအောင်ယူမှာ
သေချာသည် ။ ဒါဆိုကိုယ်ကရောလို့ ကိုယ့်စိတ်ကို
ပြန်ပြီးဆန်းစစ်မိတဲ့အခါ ကိုယ်လဲ ဒီလိုနေ့မျိုးကို ချစ်ရသူနဲ့
သေချာပေါက်ဖြတ်သန်းချင်တာပေါ့ ။

ရေချိုးခန်းထဲကနေပြန်ထွက်လာတော့ ဆက်က Bathrobe  တစ်ထည်ကိုကိုင်ပြီး အဆင်သင့်စောင့်နေပေးသည် ။ Bathrobe ကို သူကိုယ်တိုင်ဝတ်ပေးပြီးမှ
သူလဲရေချိုးခန်းထဲဝင်သွားပါတော့သည် ။ သိပ်မကြာခင်ပဲ
ခါးမှာတဘက်တစ်ထည်သာပတ်ထားပြီး အပေါ်ပိုင်းဗလာနဲ့ပြန်ထွက်လာ၏ ။ ကုတင်အစပ်မှာထိုင်နေမိတဲ့ ကိုယ့်မှာ
ဆက်ကိုတွေ့လိုက်တာနဲ့ ရင်ခုန်သံတွေက ဝုန်းဒိုင်းကြဲ
လာရတော့သည် ။

ဆက်က ကိုယ့်အနားလာရပ်တာကြောင့် မော့ကြည့်မိတဲ့အချိန်မှာပဲ ကိုယ့်လက်ကိုဆွဲကိုင်လိုက်ကာ သူ့ခန္ဓာကိုယ်ကို
ထိတွေ့စေ၏။

" အချစ်! မောင်က မင်းကိုဆွဲဆောင်နိုင်ဖို့အတွက်
ယောက်ျားပီသတဲ့အသွင်အပြင်မျိုး လုံလုံလောက်လောက်ရှိရဲ့လားဟင် "

သိသိသာသာ ဖွံ့ထွားလာတဲ့သူ့ခန္ဓာကိုယ်ကြောင့် ဗိုက်သားပေါ်ကကြွက်သားအမြှောင်းတွေကသူ့နေရာနဲ့သူ ။ ဆက် ဟာ ရှိရင်းစွဲအသက်ထက်ကို ပိုပြီးဖွံ့ထွားနေ၏ ။

" ရှိတာပေါ့ မောင်က ငါ့ကိုဆွဲဆောင်နိုင်တာထက်ကိုပိုပြီး ဆွဲဆောင်နိုင်ပါတယ်။ မောင်က သိပ်ကိုကြည့်ကောင်းတယ်ဆိုတာ ကိုယ့်ကိုကိုယ်သိတယ်မဟုတ်လား "

ထိုနောက်မှာတော့အခန်းထဲတွင် အသံတို့်တိတ်ဆိတ်သွားရ၏၊
ဆွဲဆောင်မှုရှိလွန်းသည့်မောင်သည် သုတျာ၏ပိုင်ဆိုင်မှုမှန်သမျှကို ထပ်တူသိမ်းပိုက်ခွင့်ရအောင်ကြိုးစားလေတော့သည်။
ညတာကကြာရှည်လွန်သည့်အလျောက် နှစ်ကိုယ်တူအချစ်ခရီးကလဲ ပို၍ပို၍ပြင်ထန်လာတော့သည်။ သုတျာအတွက်ကတော့ ပင်ပန်းမှုနှင့်ပျော်ရွှင်မှုကို အချိုးကျကျမြည်းစမ်းခွင့်ရလေတော့၏ ။ မောင်က သက်လုံလဲကောင်းလွန်းလှတယ်လေ။

သု တျာ ( သုတ်ာ ) Uni+Zaw ( Completed) Where stories live. Discover now