" ရေနွေးပူလောင်တာ "

" ဘာ !!ဘာတွေများလုပ်လို့ ရေနွေးပူကလောင်ရတာလဲကွာ "

" ကော်ဖီသောက်ဖို့ရေနွေးထည့်တာပါ။ လက်ကချော်ပြီး
ဖန်ခွက်လွတ်ကျသွားတာ "

" မင်းက ကလေးသေးသေးလေးလား အချစ်ရယ်။ ဒါလေးတောင် မင်းမလုပ်တတ်ဘူးလား ။ဂရုစိုက်မှပေါ့ ဘယ်လောက်တောင်ပူသွားလိုက်မလဲ နမော်နမဲ့နိုင်လိုက်တာအချစ်ရယ် "

" အချစ်ခြေထောက်က အရမ်းနာနေတာနော် မောင်။
အဲဒါကိုထပ်ပြီးဆူမနေနဲ့ ။ ရေနွေးထည့်နေတုန်း အိမ်ရှေ့ကနေအသံကြားလိုက်တယ်ထင်လို့ အဲဘက်ကိုအာရုံရောက်သွားတာ။ အစထဲကမောင့်ကိုပြောတယ်လေ အပြင်ကိုမသွားပါနဲ့လို့ အချစ်တစ်ယောက်ထဲမို့လို့ပါဆိုတာကို မောင်ကဂရုမှမစိုက်တာ ။ငါဘာသာ သွားချင်လို့ကိုသွားတာဆိုတဲ့အချိုးနဲ့ လူကိုထားခဲ့ပြီး  အခုကျတော့လဲ အချစ်ကိုအပြစ်တင်နေပြန်ပြီ မောင်ကတော့ တကယ်ပါပဲ "

ကြားလိုက်ရတဲ့စကားသံတိုးတိုးကြောင့် ဆက်ရဲ့စိတ်ထဲနင့်ခနဲဖြစ်သွားရသည် ။ ဟုတ်ပါရဲ့ ကိုယ်ရှိနေရင် သူဒီလိုမျိုး
အပူလောင်တာဖြစ်လာမှမဟုတ်ဘူး ။ အစထဲကသူကမသွားပါနဲ့လို့တားနေခဲ့တာကို ကိုယ်က နားထောင်ခဲ့ရမှာ ။ အခုတော့ကွာ ။ အတွေးနဲ့အတူတူ သုတျာရဲ့ခေါင်းလေးကိုလက်နှစ်ဖက်နဲ့ သိုင်းဖက်လိုက်မိ၏။

" မောင်က မင်းကိုဆူနေတာမဟုတ်ပါဘူးအချစ်ရယ်။ စိုးရိမ်လို့ပါ။ မောင်အပြောမတတ်လို့ စိတ်မကောင်းဖြစ်သွားရရင်
တောင်းပန်ပါတယ်နော်။  နောက်ဆို အချစ်ကိုတစ်ယောက်ထဲမထားခဲ့တော့ပါဘူး ။စကားတွေကိုလဲ နားထောင်ပါ့မယ် "

" အင်း!! ဆူတာမဟုတ်ရင်ပြီးရော ။ဒါနဲ့ စကားနားထောင်မယ်လို့ ပြောလိုက်ပြီနော်။ မောင်စကားနဲ့မောင်ပဲ ပြီးမှအမျိုးမျိုးလာမပြောင်းလဲနဲ့ "

" မောင် ကတိပေးပါတယ်။ နောက်ဆိုမင်းစကားပဲ
နားထောင်မှာပါ ။ အခုတော့ ဆေးထည့်ရအောင်နော် ။
အပူလောင်ထားတာကအများကြီးပဲလေ "

" အင်း! !! မောင်ထားခဲ့လို့ဖြစ်တာမို့ မောင့်ပဲဆေးထည့်ပေး "

" အင်းပါ!! အင်းပါ !!အချစ်ရယ် မောင်ဆေးထည့်ပေးပါ့မယ် "

သု တျာ ( သုတ်ာ ) Uni+Zaw ( Completed) Where stories live. Discover now