ခပ်အေးအေးထွက်လာတဲ့စကားရဲ့အဆုံးမှာ ဆက်ရဲ့
စိတ်ခံစားမှုဟာ ကျကွဲသွားသည့်ဖန်ခွက်ငယ်ပမာ အစိတ်စိတ်အမြွှာမြွာ ။ တဆက်ဆက်တုန်ရင်လာတဲ့လက်တွေကို
တစ်ဖက်နဲ့တစ်ဖက်ပြန်ဆုတ်ကိုင်ထားရင်း ငြိမ်သက်အောင်လုပ်နေပေမည့် လုံးဝငြိမ်သွားအောင်တော့ မစွမ်းဆောင်နိုင်ခဲ့ ။ ကြောက်စိတ်က အရိုးထဲအထိစိမ့်ဝင်လာကာ လူတစ်ကိုယ်လုံးလဲ နုံးခွေကျရလေတော့သည် ။တုန်ရင်နေတဲ့အသံကို
တတ်နိုင်သမျှထိန်းကာ ...
" မနေ့ကမနက်ပိုင်း မောင်အလုပ်ကိုသွားတဲ့အချိန်အထိ
မောင်နဲ့အချစ်က အဆင်ပြေနေသေးတာပဲမဟုတ်လား ။
ဘာလို့ အခုလိုချက်ချင်းကြီးပြောင်းလဲသွားရတာလဲ
အချစ်ရယ် ။နာရီပိုင်းလောက်အချိန်လေးနဲ့လေ "
မေးလာသည့်လေသံထဲတွင် ခယအောက်ကျို့သံက
အထင်းသား ။ တော်လောက်ပြီမောင် ငါ့ကိုဒီလောက်
လူမိုက်ဇာတ်သွင်းရရင်တော်ရောပေါ့ ။ ငါ့မှာလဲ ငါ့မာနနဲ့ငါ။
" ငါ့ဘဝအတွက် ငါ့စိတ်ကြိုက်ရွေးချယ်လိုက်တာမို့
နားလည်ပေးစေချင်တယ်။ ဖွင့်မပြောဖြစ်ပေမဲ့
ငါတွေးနေတာကြာပြီ "
မုသားစကားတွေဆိုမှာမို့ ငါဘုရားတောင်ရှစ်မခိုးခဲ့ဘူးမောင်
ရယ် ။ ငါ့လိပ်ပြာကိုလဲ ငါ့ဘာသာမလုံနိုင် ။
" အချစ် ဘာလို့အခုလိုတွေ ဖြစ်နေတာလဲဆိုတာ
သေသေချာချာမသိပေမဲ့ အကုန်လုံးက မောင့်
အမှားတွေကနေစတာပါ ။ မောင့်က အချစ်ကို
မကာကွယ်နိုင်တဲ့ကောင်မို့ ပင်ပန်းခဲ့ရတယ်မို့လား ။
နောက်ဆိုရင် မောင်က အခုထက်ကို အများကြီး
ပိုဂရုစိုက်ပါမယ်။ မောင့် အသက်နဲ့ရင်းပြီး အဲကတိ
ကိုပေးတာမို့ တစ်ခါလောက်ယုံကြည်ပေးပါနော် ။
မောင်က မကောင်းတဲ့ကောင်ပါ ။ ကိုယ့်ချစ်သူကို
မစောင့်ရှောက်နိုင်ဘူး မကာကွယ်နိုင်ဘူး အချစ်ကို
နာကျင်စေတယ် ။ မောင့်အမှားတွေကို မောင်က
တကယ်သိနေပြီမို့ တစ်ခါလောက်တော့ ပြန်ပြီး
အခွင့်အရေလေးပေးပါအချစ်ရယ် ။ မောင်က
ဒီလိုတောင်းပန်ပါ့မယ်၊ အချစ်က ... အချစ်ကပဲ
မောင့်လို မကောင်းတဲ့ကောင်ကို ခွင့်လွှတ်ပေးပါနော် "
YOU ARE READING
သု တျာ ( သုတ်ာ ) Uni+Zaw ( Completed)
Part - 20 (Zaw )
Start from the beginning