" လွမ်းနေတာ"

" မနက်ကပဲ ဖုန်းခေါ်တယ်လေ"

" ဒါပေမဲ့လည်း လွန်လွန်းလို့။ ဘယ်လိုဖြစ်ပြီး နှစ်လကနေ သုံးလဖြစ်သွားရတာလဲ"

ကျန်းဟောက်ထံမှ ရယ်သံစစပဲ ထွက်လာပြီး ပြန်မဖြေ။ မနက်က ဖုန်းပြောကတည်းက အထက်ပါအတိုင်း ငိုချင်ရက်လက်တို့ဖြစ်နေတာဖြစ်သည်။

သူ့ပါပါးနဲ့ မာမားကို နောက်လမှ ကိုရီးယားကို လာဖို့ပြောလိုက်တယ်ဆိုတော့..။

တကယ်တော့ စိတ်ကောက်နေတာလို့လည်း ပြောလို့ရပါ၏။

ဒီလထဲမဟုတ်ရင်တောင် ဒီလမကုန်ခင်တော့ ပြန်တွေ့ရတော့မယ် ထင်ထားခဲ့တာ။

တအားအချိန်ဆွဲနေရခြင်းရဲ့ ရည်ရွယ်ချက်ကိုလည်း မသိရ။ ထပ်ပြီး သက်ပြင်းချမိတော့ တစ်ဖက်က ကြားရပုံထောက်သည်။

" စိတ်ကောက်နေတာပဲ"

" မဟုတ်ပါဘူး"

video ဖွင့်ထားပေမဲ့ ဘေးမှာပဲ ချထားတာမို့ ကျန်းဟောက်မျက်နှာကိုလည်း ပေကပ်ကပ်လုပ်နေရင်း မကြည့်မိ။

" ဘာလို့ မျက်နှာကျက်ကြီးပဲ မြင်နေရတာလဲ။ ထယ်ရယ် ကိုယ့်ကို မျက်နှာ မပြတော့ဘူးလား"

တစ်ကိုယ်တည်း နှူတ်ခမ်းကိုရှေ့ထုတ်ကာ မကျေမနပ်လုပ်နေရင်း တစ်ခွန်းတစ်လေမှ ပြန်မဖြေပဲ ဆက်လှဲနေသည်။

" မပြချင်ဘူး"

ထိုစဉ် တိုက်ခန်းအပြင်ဘက်ကနေ လေတိုက်သံပြင်းပြင်းကြားလိုက်ရပြီး ဖုန်းထဲကနေ ထိုနည်းတူအသံ ထပ်ဆင့်ကြားလိုက်ရ၏။

ရာသီဥတုအခြေအနေက တူနေတာကို ဘာလို့ တစ်မြေတည်းမှာ မဟုတ်ရတာပါလိမ့်။

" စိတ်ကောက်ပြီး ပေကပ်ကပ်လုပ်မနေပဲ။ အိမ်တံခါးလေးလာဖွင့်ပေးပါအုံး။ ကိုယ် ဘဲလ်တီးနေတာ မကြားဘူးလား"

" ဗျာ?"

ထယ်ရယ် အလန့်တကြား ဖုန်းကို ပြန်ကောက်ကိုင်လိုက်သည်။ camera ပိတ်သွားပြီ ဖြစ်တဲ့ကျန်းဟောက်ကြောင့် သက်သက်စိတ်လှူပ်ရှားအောင်လုပ်ဖို့ စနေတယ်ပဲ မှတ်လိုက်ကာ ထပ်ပြီး မျက်မှောင်ကြုံ့လိုက်၏။

shady☆ [julyz] ✔️Where stories live. Discover now