6

240 36 6
                                    

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]

♡

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ညနေစောင်းကာစပဲရှိသေးတယ်။ studio ကိုပိတ်သွားဖို့ ကြိုတင်ပြင်ဆင်နေတဲ့ ပတ်ဟန်ဘင်းကို ကြည့်ရတာ စနိုးစနောင့်ဖြစ်ချက်ပင်။

နောက်ကျမှပြန်ပါမယ်လို့ ပြောထားတဲ့ ထယ်ရယ် တစ်ယောက်လုံးရှိနေတာကို။

" ပတ်ဟန်ဘင်း ! ဘာတွေ လောနေတာ"

" ငါ ညကျ ချိန်းထားတာရှိလို့လေ"

" ဒါပေမဲ့ studio မှာ ငါတစ်ယောက်လုံး ကျန်နေမယ့်ဟာ"

" မသိဘူး ထယ်ရယ်။ မင်းလည်း ဒီနေ့ စောစောပြန်လိုက်ပေါ့"

" ဘာဖြစ်နေတာလဲ"

ပြုံးစိစိသာ ပြန်ရယ်ပြတဲ့ ပတ်ဟန်ဘင်းနားကို စိတ်ဝင်တစား သွားထကြည့်လိုက်သည်။ ခေါင်းလည်း မထိထားပါဘူး။ သာမာန်ပဲဟာကို ဘာတွေအရေးတကြီးဖြစ်နေပါလိမ့်။

" ညကျ ဂျောင်ဟျွန်းနဲ့ ရုပ်ရှင်သွားကြည့်မယ်လို့ပြောထားတယ်"

" အိမ်က အီဂျောင်ဟျွန်းလား "

ပတ်ဟန်ဘင်းက ခေါင်းငြိမ့်ပြတော့ မယုံနိုင်စွာ ရယ်လိုက်မိတယ်။ အခြေအနေကောင်းနေဟန်ပဲမို့ အီဂျောင့်အတွက်တော့ အနည်းငယ် စိတ်အေးမိသား။

" ည ကိုးနာရီလောက်မှ လာခေါ်မယ်လို့ပြောထားတော့ အိမ်ပြန်ပြီး နည်းနည်းပြင်ဆင်ရမယ်လေ ဟီး"

" မထူးပါဘူး စောစောပြန်ရုံပေါ့ "

အချိန်ကိုကြည့်တော့ ညနေ ငါးနာရီခွဲ။ ချွမ်ရွေ့ကို မသိမသာ မေးထားတဲ့အတိုင်းဆို ကျန်းဟောက်ရဲ့ ဒီနေ့ သင်တန်းချိန်က ညနေ ခြောက်နာရီ ဆယ့်ငါးမိနစ်လောက်မှာ ဆင်းမှာဖြစ်သည်။

shady☆ [julyz] ✔️Where stories live. Discover now