24

248 30 1
                                    

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]

" မသိတော့ဘူး။ ကျန်းဟောက် ငါ့ကို အခုလို ပြန်ပြောလာမှာကို လိုချင်နေခဲ့ပြီးတော့ ကျေနပ်တာလည်း ကျေနပ်နေတာပေမဲ့ ပြန်တွဲဖို့ကကျ.."

" ဘာဖြစ်ရပြန်တာ"

ကျန်းဟောက် အိမ်ကို ပြန်ပါလာပြီးတာနဲ့ နောက်ရက် တစ်မနက်လုံးလည်း ကျန်းဟောက်နဲ့ သေချာစကားမပြောဖြစ်။
ညနေဘက်မှ အီဂျောင်ဟျွန်းဆီ ဖုန်းဆက်ရင်း ပြောတော့ သက်ပြင်းချည်းချနေမိသည်။

"ပြန်စလိုက်လို့ ထပ်ပြီး အခုလိုတွေ ထပ်ဖြစ်ရင် ခံနိုင်ရည်ရှိပါ့မလား။ ချစ်နေရုံနဲ့ မပြီးဘူးဆိုတာကို အခုမှ ပိုတွေးမိနေတယ်။"

အိမ်ရှေ့ ထွက်ပြီး ဖုန်းပြောနေရင်းက အိမ်ထဲကနေ ခြေသံကြားတော့ စကားရပ်လိုက်သည်။

" နောက်မှ ပြန်ခေါ်လိုက်မယ် အီဂျောင်"

" အင်း"





ဖုန်းချပြီး ထယ်ရယ် အိမ်ထဲကို ပြန်ဝင်ခဲ့တာနဲ့ အပြင်ထွက်ဖို့ လာတဲ့ ဦးလေးကျန်းကိုတွေ့သည်။

မနေ့က လေဆိပ်ကနေ အိမ်ပြန်ရောက်တော့ ကျန်းဟောက်ဖေဖေက အိမ်မှာရှိနေတာမို့ ပြန်ပါလာတဲ့ ထယ်ရယ့်ကိုကြည့်ပြီး အံ့ဩသွားပုံပေါက်ပေမဲ့ ထယ်ရယ့်ကို အပြင်မှာ မနေခိုင်းပဲ အိမ်မှာပဲ ဆက်နေခိုင်း၏။

ထယ်ရယ် တစ်ခုခု မပြောလိုက်နိုင်ခင်မှာပဲ အခန်းထဲကနေ ထွက်လာတဲ့ ကျန်းဟောက်က ဆံပင်ရေစိုတွေကို တဘက်စနဲ့ သုတ်နေရင်း ထွက်လာပြီး မေးသည်။

" ပါး အပြင် ပြန်ထွက်မလို့လား။ ခုမှ ပြန်ရောက်လာတယ် ထင်တာ။ "

ဦးလေးကျန်းရဲ့ လက်ထဲ ကုတ်အင်္ကျီ ကိုင်ထားတာကို ထယ်ရယ် မြင်နှင့်ပေမဲ့ ကျန်းဟောက်က နောက်မှ သတိထားမိ၏။

အဲ့လောက်တောင် အာရုံစူးစိုက်မှူလည်း နည်းတတ်သေးတာလား။ အဖေဖြစ်သူက အိမ်ပြန်ရောက်နေတာ တစ်နာရီလောက်ရှိနေပြီကို။

" ဟုတ်တယ်။ ပါးရဲ့ သူငယ်ချင်းဟောင်းတွေနဲ့ ညစာစားပွဲ ချိန်းထားလို့။ အဲ့တာလည်း ဆန်အရက် တစ်ပုလင်းလောက် ယူသွားပေးမယ်ဆိုပြီး နှစ်ပုလင်းဝယ်လာခဲ့မိတာ။ ရေခဲသေတ္တာထဲ တစ်ပုလင်း ပြန်ထားခဲ့တယ်။ ထယ်ရယ်နဲ့ သောက်ရင်လည်း သောက်ကြပေါ့"

shady☆ [julyz] ✔️Where stories live. Discover now