22

255 31 12
                                    

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]

ဖျော်ဖြေပွဲပြီးတာနဲ့ ကျန်တဲ့အဖွဲ့ဝင်တွေကို တည်းခိုခန်းမှာ ပြန်ချထားခဲ့ပြီး ပတ်ဟန်ဘင်းရဲ့ ဖူကျန့်ကိုမရင်းနှီးဘူး အဖော်မပါပဲ မသွားရဲလို့ဆိုတဲ့ အကြောင်းကြောင့် ညနေဘက်ကြီး ကျန်းဟောက်အိမ်ကို ပါသွားရသည်။

နေတာမှ သုံးညအိပ်လေးရက်ကို ရည်းစားဟောင်းအိမ်ဆီ ရောက်သွားတာက နှစ်ရက်ဖြစ်နေပြီ။
အိမ်ရှေ့ တံခါးဘဲလ်ကို နှိပ်နေတုန်း တံခါးဖွင့်လာဖွင့်တာ ကျန်းဟောက်မဖြစ်ဖို့ချည်း ဆုတောင်းနေမိပြီး အတင်းဆွဲခေါ်လာတဲ့သူကို မျက်စောင်းလှမ်းထိုးရတာ အမော။

တံခါးဖွင့်သံကြားတာနဲ့ ချက်ချင်းမော့ကြည့်မိသွားတာကြောင့် ကိုယ့်ကိုယ်ကို ခပ်တိုးတိုးဆဲမိတယ်။

" ဟန်ဘင်း ရောက်လာပြီပဲ..ဪ..ထယ်ရယ်ရော"

" တစ်ယောက်တည်း လာရမှာ ခက်တယ်ထင်လို့ ထယ်ရယ့်ကိုခေါ်လာတာ"

ပတ်ဟန်ဘင်းကို ကြည့်ရတာ ကျန်းဟောက်နဲ့ ထယ်ရယ် ပြတ်ထားတဲ့အကြောင်းကို မေ့နေပုံပဲ။ အရမ်းကို ပေါ့ပါးပျော်ရွှင်တဲ့ communication တွေထွက်လာနေပုံများ။

" ညနေစာစားခဲ့ကြပြီလား"

" စားခဲ့ပြီ"

ထယ်ရယ်က မြန်မြန်ဖြေလိုက်တော့ ပတ်ဟန်ဘင်းက ကြောင်ကြည့်တယ်။ ဖျော်ဖြေပွဲကနေ တန်းပြီးလာတာ ဘာမှမစားရသေးဘူးကို။

" တကယ်တော့ နေ့လည်စာတောင် သေချာမစားရသေးဘူး"

" အိမ်မှာ ညစာစားတော့မလို့။ တစ်ခါတည်း ဝင်ခဲ့ပါလား။"

ထယ်ရယ် အရိပ်အကဲတောင် ပြချိန်မရလိုက်။ ခေါင်းငြိမ့်ပြီး ဝမ်းသာအားရ အိမ်ထဲ လိုက်ဝင်သွားတဲ့ သူငယ်ချင်းဖြစ်သူကို ဒီနေရာကနေ ပြန်ထွက်မှ ကောင်းကောင်းဆူရအုံးမယ်။

" ထယ်ရယ်ရော မဝင်ဘူးလား"

အိမ်တံခါးကို ဖွင့်ကိုင်ထားတဲ့ ကျန်းဟောက်အမေးကို မဖြေတော့ပဲ ဒီအတိုင်း အိမ်ထဲဝင်လိုက်သည်။
အိမ်မှာ ဦးလေးနဲ့ အန်တီ ရှိပုံမရနေ။

shady☆ [julyz] ✔️Where stories live. Discover now