23

318 33 1
                                    

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]


" နေကောင်းတာနဲ့ ချက်ချင်းပြန်တော့မှာလား"

" အင်း"

အဝတ်အစားတွေ သိမ်းနေတဲ့ ထယ်ရယ့်ကိုကြည့်ရင်း စားပွဲပေါ်က လေယာဉ်လက်မှတ်ကိုပါ ကျန်းဟောက် မျက်မှောင်ကြုံ့ကြည့်မိသည်။

ကိုယ်တိုင်ပဲ အရမ်းနှေးကွေးနေတာလား။ ကြောက်တတ်နေပြန်တာလား မသိတော့ပါ။
မပြန်နဲ့လို့ တားလိုက်ချင်ပေမဲ့ နှူတ်ကတော့ ပြောမထွက်။

" အရမ်း သက်သာသေးတာတောင် မဟုတ်ပဲ"

" နေကောင်းနေပြီပဲလေ။ နည်းနည်းလောက် မအီမလည်ဖြစ်နေတာက ပြဿနာမဟုတ်ပါဘူး"

ကျန်းဟောက်အိမ်မှာ လာနေတဲ့ အတောအတွင်း ကျန်းဟောက်ကို တော်ရုံတန်ရုံတောင် အကြည့်ချင်းမဆုံ။ စကားလည်း ကျန်းဟောက်နဲ့ထက်စာရင် ကျန်းဟောက်ရဲ့ မိဘတွေနဲ့မှ ပိုပြောသေးတယ်။

ထယ်ရယ်က တကယ် စိတ်ပြတ်သားနေပြီဆိုရင် လို့တွေးလိုက်တဲ့အခါ ရှေ့ပြန်တိုးဖို့လုပ်နေတဲ့ ခြေလှမ်းတွေက နဂိုနေရာ ပြန်ပြန်ရောက်ကုန်သည့် အခြေအနေမှာ ရှိနေတာကြောင့် ခက်ခဲနေလျက်။

" မနက်ဖြန်ည လေယာဉ်နဲ့မှ မပြန်ရင် နောက်တစ်ပါတ်နေမှ ပြန်လို့ရတော့မှာလေ။ ကျွန်တော် ဒီမှာ ဒီပုံစံအတိုင်း ဆက်နေလို့လည်းမရဘူး။ အလုပ်တွေ စုပြုံနေတာကို အခုလို ကျန်နေခဲ့တာနဲ့တင် တော်တော်-"

လေယာဉ်လက်မှတ် မရတော့တဲ့ ပြဿနာကလည်း ဝင်နေတာမို့ ထယ်ရယ်က စောနိုင်သမျှ စောစောပြန်ဖို့လုပ်နေတာ နားလည်ပြီး အလုပ်ကို ခေါင်းစဉ်တပ်ပြန်တာကတော့ လွန်သည်။

" ဘာလို့ အလုပ်တွေ အများကြီးလုပ်နေတာလဲ"

" ဗျာ ?"

" အရင်ကထက် အလုပ် သုံးလေးဆလောက် ပိုလုပ်နေတာနဲ့ တူလို့.."

စိတ်ထဲထင့်နေတဲ့ စိတ်ပူပန်မှူကို ထုတ်မေးလိုက်တဲ့အခါ အင်္ကျီခေါက်နေတဲ့ ထယ်ရယ့်လက်က ခဏရပ်သွားသည်။

shady☆ [julyz] ✔️Where stories live. Discover now