20

221 30 7
                                    

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so  please read at your own risk.]

ထယ်ရယ့်ထံမှ ပြန်တွဲဖို့ စကားစလာပြီးကတည်းက သက်သက်ရှောင်နေစရာတောင် မလိုပဲ အလုပ်များလာသည်။

ဖူကျန့်ကိုပြန်ဖို့ ကိစ္စတွေ မြန်မြန်အပြီးသတ်နေတာကြောင့်လည်း ဖြစ်၏။

ကိုယ့်ကိုယ်ကို စိတ်ပျက်မိသည်။ ကျန်းဟောက်မှာ ကိုယ့်ကို ချစ်တဲ့သူနဲ့ကျ တန်ဖိုးထားရကောင်းမှန်း မသိနေတာပဲ။

ဒီနေ့ နောက်ဆုံး အလုပ်ဆင်းရတဲ့ရက်မို့ စိတ်မသက်မသာဖြစ်နေလျက်။
ထိုအကြောင်းအရာ တစ်ခုတည်းကြောင့် မဟုတ်ပဲ ဖြစ်ပျက်နေတဲ့ ကိစ္စတွေ အားလုံးကြောင့် စိတ်မသက်သာနေ။

ဒီနေ့မနက်တော့ မနက်စာစားခါနီး မီးဖိုချောင်ထဲမှာ ထယ်ရယ်နဲ့ တိုးသည်။

" ကျောင်းသွားတော့မှာလား"

" ဟင့်အင်း မနက်စာစားမလို့"

" အတူတူစားရအောင်"

အထွေအထူးမဟုတ်နေတာ အတူတူဆိုတဲ့ စိတ်နဲ့ ခေါင်းငြိမ့်လိုက်ရင်း မီးဖိုချောင်ကောင်တာမှာတင် ဟိုသွား ဒီသွားလုပ်နေတဲ့ ထယ်ရယ့်နား သွားရပ်လိုက်မိတယ်။

သူ့ဘာသာလုပ်တတ်တာဆို ပေါင်မုန့်မီးကင်ပဲရှိတာ။ ပေါင်မုန့်မီးကင်စက်မရှိပဲ ဘာတွေ ဘယ်လိုလုပ်နေလဲတော့ သိချင်လာသည်။

တကယ်လည်း အပြင်အဆင်မကောင်းပဲ ဘာလုပ်ရမယ်မှန်း မသိဖြစ်နေတဲ့အတွက် ကျန်းဟောက်ကပဲ စကားစခေါ်လိုက်မိတော့၏။

" ဟင်းလည်းမရှိဘူး။ ထမင်းချက်ရင်လည်း ကိုယ့်အလုပ်မမှီတော့ဘူးဆို ခေါက်ဆွဲပဲစားရအောင်"

ကိုယ်တိုင် ဒီလိုလုပ်မိနေတဲ့ အပြုအမူတွေက အဆင်မပြေနေလိုက်တာ။

" ကျွန်တော် ပြောထားတာကို ပြန်မဖြေသေးဘူးနော်"

" ပြန်မတွဲချင်ဘူး"

ခေါက်ဆွဲပြုတ်ဖို့ ရေနွေးထည့်ပြီး မီးဖိုကို ဖွင့်လိုက်ကာ ထယ်ရယ့်ဘက်ကို လှည့်ကြည့်ရင်း တုံ့ဆိုင်းမှူမရှိ ဖြေလိုက်သည်။ အလိုလို အနေအထားပြောင်းသွားတဲ့အချိန်မှာ ကျန်းဟောက်က  ကောင်တာဘက်ကို မှီလျက်သားဖြစ်ပြီး ထယ်ရယ်ကတော့ မလှမ်းမကမ်းရှေ့မှာ ရှိနေ၏။

shady☆ [julyz] ✔️Where stories live. Discover now