18

202 31 10
                                    

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]

" တစ်လလောက်ပဲ နေပြီးရင် အလုပ်ထွက်မယ်ဆိုပေမဲ့ အစားထိုးဆရာ မရသေးရင်တော့ ကျွန်တော် မပြန်သေးပါဘူး "

ကော်ဖီဆိုင်မှာ အင်္ဂလိပ်စာ ဆရာမဖြစ်တဲ့ ဟယ်ယောင်းနဲ့ အတူတူရောက်နေတာဖြစ်သည်။ အတော်အသင့် ရင်းနှီးနေပြီးသားမို့ ကျန်းဟောက် အလုပ်ထွက်တော့မယ်ဆိုတဲ့ အကြောင်းကြားတာနဲ့ ကော်ဖီဝယ်တိုက်မယ်ဆိုပြီး ရောက်နေတာပင်။

ကျောင်းကို ကြိုအသိပေးထားတဲ့အခါ အစားထိုးဆရာရှာဖို့ ပိုလွယ်ကူမယ်မဟုတ်လား။ ဆရာခန့်ဖို့ကို အတော်လေး ရွေးချယ်နေရင်လည်း အချိန်ပိုကြာနိုင်တာမို့ အဆင်ပြေပြေဖြစ်အောင် ညှိလိုက်တာ ဖြစ်ပါ၏။

" တယောထိုးတာကို ဟာအိုလောက် ကောင်းကောင်း သင်တတ်တဲ့သူ မတွေ့ရင် ဒုက္ခပါပဲ "

" မဟုတ်တာဗျာ "

" တကယ်ပဲ ဖူကျန့်ကို ပြန်သွားပြီးရင် ကိုရီးယားကို ပြန်မလာတော့ဘူးလား။ အိမ်နဲ့လည်း သိပ်မတည့်ဘူးဆိုပြီး အပြီးပြန်မယ်ဆိုတော့ ဘာတွေ စဉ်းစားနေတာလဲ "

ဟယ်ယောင်းက မေးသည်ကို ပြန်ဖြေဖို့ရာ တော်တော် စဉ်းစားလိုက်ပါသေးသည်။ ကိုယ်တိုင်တောင် မရေရာလွန်းပဲ ရှေ့ဆက်တိုးနေရသည်ကိုး။

" အင်း.. သိပ်မတည့်ရင်တောင် မိဘတွေပဲလေ။ တစ်အိမ်တည်း အတူမနေချင်ရင်တောင် အနည်းဆုံးတော့ ကိုရီးယားလောက် မဝေးနေအောင်ပဲ နေမလားပေါ့။ ဖူကျန့်မှာပဲ အိမ်ခွဲနေရင် နေမယ်၊ မဟုတ်ရင် ဖူကျန့်မှာ ခဏလောက်ပဲ အနားယူပြီး ပေကျင်းဘက်ကို ပြောင်းမလို့။ "

" တယောထိုးတာတော့ မရပ်ပါဘူးနော်?"

ပြန်ပြီးရင် တလက်စတည်း တယောထိုးတာကိုပါ ခဏနားထားဖို့ ရည်ရွယ်ထားတဲ့အကြောင်း သိပ်တော့ မပြောဖြစ်သေးပေ။

ဒီအပေါ်မှာ ရင်းနှီးမြှုပ်နှံလာတဲ့ အချိန်တွေကြောင့် နားရုံပဲနားတယ် ဖြစ်တာတောင်မှ စိတ်မကောင်းတော့ ဖြစ်ရသည်။

" အဲ့တာလည်း မသေချာဘူး။ အသက်အရွယ်ရနေပြီဆိုပေမဲ့ အချိန်ယူစဉ်းစားရင်းက စိတ်ဝင်စားလာတာရှိရင် အလုပ်အကိုင်လည်း အသစ်တစ်ခု စဖြစ်လောက်တယ်။"

shady☆ [julyz] ✔️Where stories live. Discover now