5

271 37 5
                                    

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]

" ကျန်းဟောက် ! ဟာအိုဟျောင်း ! "

သင်တန်းသွားဖို့ ခြံထဲကမထွက်ခင်ပဲ ကားဘေးနားမှာ ဝေ့လည်ကြောင်ပတ်လုပ်နေတဲ့ အိမ်ပိုင်ရှင် သူဌေးသား အီဂျောင်ဟျွန်းက လှမ်းခေါ်တာကို မြင်ရသည်။ အလုပ်သွားရင် ဝတ်တဲ့ပုံနဲ့မတူအောင် မိုးပြာရောင်ရောင်ရှပ်ကို တီရှပ်အဖြူပေါ် ထပ်ဝတ်ထားကာ ဆံပင်ကို လှန်တင်ထားသေးရဲ့။
လွန်ခဲ့တဲ့ လေးငါးရက် မုန်တိုင်းကာလတုန်းက အသည်းထိုင်ကွဲထားတဲ့လူနဲ့ကိုမတူဘူး။

" Ferrari နဲ့ Lamborghini ဘယ်ဟာ ပိုကြိုက်လဲ "

" ဟင် အီဂျောင် ကားလဲ မလို့လား "

" အဆင်မပြေရင်ပါ။ "

သတိထားမိတာကတော့ အီဂျောင်ဟျွန်းတစ်ယောက် မုန်တိုင်းပြီးသွားတာတောင် အိမ်ထဲပဲအောင်းပြီး အလုပ်လုပ်နေရင်းက စိတ်ကူးပေါက်ကာ ကားလဲဖို့ အကြံထွက်နေပုံပင်။ Porsche အဖြူရောင်လေးကို ဝယ်ထားတာဖြင့် တစ်နှစ်လောက်ပဲ ရှိသေးတဲ့ အကောင်းကြီးမို့ နှမြောတော့ နှမြောစရာ။

" အခုလည်း အဆင်ပြေနေသေးတာကို "

" ဂင်မ်ထယ်ရယ်ကို ဘယ်လောက်တောင် အကြိုအပို့လုပ်ထားတာမို့လို့လဲ။ အဆင်မပြေဘူးပေါ့ "

ထယ်ရယ့်နာမည်ပါလာတော့ နားမလည်စွာ လှည့်ကြည့်လိုက်သည်။ အီဂျောင်လည်း မျက်လုံး အဝိုင်းသားနဲ့ပြန်ကြည့်ပါ၏။

" ထယ်ရယ်က ဘာဖြစ်လို့လဲ "

" အွန်..ကျွန်တော် ကျန်းဟောက်ကို မူးပြီး ပြောပြထားမိတယ် ထင်တာ "

သူ့ဘာသာသူ အလန့်တကြားပြန်ဖြစ်သွားပြီး ပါးစပ်ကို လက်ဖဝါးကာက ခဏငြိမ်သွားသည်။ ရပ်ပြီး စဉ်းစားနေရင်း အစအနတွေကို ဆက်ကြည့်တော့မှ ကျန်းဟောက်ထံလည်း အဖြေထွက်လာတော့၏။

ငယ်သူငယ်ချင်း ၊ ပြုံးရင်လှတယ်။

" မဟုတ်မှလွဲရော ဂင်မ်ထယ်ရယ်ဆီက အငြင်းခံထားရတာလား "

ချက်ချင်း အသံတိတ်သွားပြန်တဲ့ အီဂျောင့်ကိုကြည့်ရင်း ကျန်းဟောက် တိတ်တိတ်လေး ကိုယ့်ကိုယ်ကို ကျိန်လိုက်မိသည်။
အီဂျောင်ကြိုက်နေတာ ဂင်မ်ထယ်ရယ်မှန်းမသိပဲ အဖက်တောင်ခံခဲ့သေးတယ်။ ဖျားနေတာကို သွားစကားပြောရင်း စိတ်လှူပ်ရှားလိုက်သေးတယ်။

shady☆ [julyz] ✔️Where stories live. Discover now