4

231 39 4
                                    

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]

မုန်တိုင်း တတိယမြောက်ရက်မှာတော့ အိမ်ထဲတင်နေရတာ ငြီးငွေ့ချင်လာသလိုလိုဖြစ်၏။
ကျန်းဟောက်လည်း အိမ်နေရင်း တယောမထိုးချင်တော့ပါ။ တစ်ခါတစ်ရံတော့ ဘေးအခန်းကနေ ထယ်ရယ့် ဂစ်တာသံကို ခပ်စစကြားရသည်။ အိမ်အပြင်ဘက်မှာ ကြားနေရဆဲဖြစ်တဲ့ လေတိုက်သံ ခပ်ပြင်းပြင်းက ညတော့ ကောင်းကောင်း အိပ်ပျော်စေပါ၏။

အားလုံးက ထမင်းစားချိန်ကလွဲရင် အခန်းထဲအောင်းနေကြတယ်ဆိုပေမဲ့ ယူဂျင်းရယ် ဟန်ဘင်းရယ်နဲ့တော့ မနေ့ညက ရုပ်ရှင်ကြည့်ဖြစ်သည်။

ထမင်းစားချိန်တောင် ထွက်မလာတဲ့လူတစ်ယောက်ကိုတော့ သတိထားမိပါသေး၏။

အိမ်ပိုင်ရှင် အီဂျောင်ဟျွန်းပင်။

ဒီတစ်ညတော့ စောစောအိပ်ခဲ့ပေမဲ့ သန်းခေါင်ကျော် တစ်နာရီဝန်းကျင်လောက်မှာ မိုးကြိုးပစ်သံကြီးကြောင့် အအိပ်ဆတ်တဲ့ ကျန်းဟောက် အိပ်ယာနိုးလာခဲ့သည်။

မီးဖိုချောင်ထဲဝင်တာနဲ့ ဒယ်အိုးတစ်လုံးကိုင်ကာ အလုပ်ရှူပ်နေသော ဂျောင်ဟျွန်းက ဟိုသွားလိုက် ဒီသွားလိုက်။

" မအိပ်သေးဘူးလား "

မီးဖိုချောင် အဝင်ဝ နံရံမှာ မှီရပ်ရင်း လှမ်းမေးလိုက်တော့မှ ကျန်းဟောက်ကို ရှိမှန်းသိတော့တယ်။

" ခေါက်ဆွဲပြုတ်နဲ့ ဆိုဂျူသောက်မလို့ ။ ကျန်းဟောက်ကရော ? "

" မိုးကြိုးပစ်သံနဲ့ နိုးလာတာ "

မုန်တိုင်းရှိတဲ့ သုံးရက်လေးအတွင်းမှာ အီဂျောင်ဟျွန်း မျက်နှာက တော်တော်လေး ချောင်ကျသွားတာကို သတိထားမိသည်။ ထမင်းတောင်စားရဲ့လားပဲ။

ခေါက်ဆွဲအိုးချပြီးနောက် ရေခဲသေတ္တာထဲကနေ ဆိုဂျူပုလင်း ထုတ်တယ်။

" ဒါနဲ့ အီဂျောင် အမူးပြေဆေး ကုန်နေတယ်နော် "

ခေါင်းသာ ငြိမ့်ပြပြီး ထိုင်ခုံမယ် မှိူင်တွေတွေကြီး ရပ်နေတော့သည်။

" ကျွန်တော့် အခန်းထဲမှာ အတူတူ ဆိုဂျူသောက်မလား။ မဟုတ်ရင် သွားပြန်အိပ်ပါလား "

shady☆ [julyz] ✔️Where stories live. Discover now