1

1.1K 56 11
                                    

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so  please read at your own risk.]

" ထယ်ရယ်ရေ ငါရောက်ပြီနော် "

ဂစ်တာကို ကြိုးအထပ်ထပ်ညှိနေတုန်း ဝင်လာတဲ့ဖုန်းကြောင့် လိုအပ်တဲ့ပစ္စည်းတွေ မြန်မြန်သိမ်းပြီး ပွဲအပြင်ဘက်က ကားပါကင်ကို တစ်ခါတည်း ထွက်ခဲ့လိုက်တော့၏။

" အီဂျောင်ရာ လာကြိုမယ်ဆိုတာ သိပေမယ့် စောချက်ပဲ "

ဆွယ်တာ အစိမ်းရောင်နဲ့ ချည်သားဘောင်းဘီ အကွက်ကို ပေါ့ပေါ့းပါးပါးဝတ်ထားတဲ့ သူငယ်ချင်းဖြစ်သူ အီဂျောင်ဟျွန်းက ရုပ်ရည်တော့ ညမှောင်မှောင်လည်း ထင်းထွက်နေဆဲ။
ပွဲရဲ့ အဝင်အထွက် ဖြတ်သွားဖြတ်လာလူတွေက ထယ်ရယ်နဲ့ အီဂျောင့်ကို လှည့်ကြည့် လှည့်ကြည့်လုပ်နေကြလျက်ပင်။

" ဘာကိုစောတာလဲ ညနက်လှပြီဟာ "

ထယ်ရယ်ရဲ့ band လိုက်တီးရသမျှပွဲတွေ အကုန်နီးနီးမှာ အီဂျောင် လာမကြိုဖူးတဲ့ပွဲမရှိပေ။ ထယ်ရယ်ဟာ guitarist ဖြစ်သလို အမြဲတမ်း ဂစ်တာတလွယ်လွယ်နဲ့ ။

ထယ်ရယ်တို့ band က နာမည်တော့ အတော်ရသည်။ နာမည်ကြီး အဆိုတော်တွေရဲ့ concert အတော်များများမှာ ဖိတ်ခံရပြီး အပေးအယူမျှမျှ အလုပ်လုပ်နိုင်လို့ရောဖြစ်၏။ ပွဲတစ်ပွဲ တီးပြီးတိုင်း band ထဲက တစ်ယောက်ချင်းစီရဲ့ ဝင်ငွေဆိုရင် တစ်လစာ နေစရိတ်နဲ့ စားစရိတ်တော့ အခြေခံက အေးဆေးကာမိသည်လေ။

" ဒီတစ်ခါ SOMMI ရဲ့ concert က ရှေ့တစ်ခေါက် တီးခဲ့တုန်းကထက် လူတွေပိုများလာတယ် သိလား "

" အင်း "

" နောက်အပါတ်တီးရမယ့် ပွဲတော့ ငါလည်းမသိဘူး "

" နာမည်ကြီးဆီက အဲ့လိုစကားထွက်လာတာ အံ့ဩစရာ"

ကားမောင်းရင်း အီဂျောင်စလိုက်တဲ့စကားကို ထယ်ရယ်က လက်မောင်းကိုတစ်ချက်ပြန်ရိုက်ရင်း ရှက်ကာရယ်၏။ ထယ်ရယ်က မြှောက်ပင့်ပြောခံရတာမျိုးတွေကို ကပ်တိုးလေးသဘောကျတတ်သူမို့ ။

" ငါ နာမည်မကြီးပါဘူးနော် "

" ROSY ရဲ့ guitarist ချောချောလေးတို့ ၊ ဂစ်တာတီးတဲ့ ပါးချိုင့်လေး တို့ဆိုတာ တစ်ပွဲတီးပြီးတိုင်း အင်တာနက်ပေါ် ပလူပျံနေတာကိုများ။ ပြီးတော့ မင်းတို့ band တီးမယ်ဆိုလို့ သက်သက်လာကြည့်တဲ့ လူတွေကရှိသေး "

shady☆ [julyz] ✔️Where stories live. Discover now