7

253 39 4
                                    

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]

ဒီနေ့ကတော့ ဒုက္ခပင်လယ်တွေ ဖောဖောသီသီဝေတဲ့နေ့ပါပဲ။

မိတ်ဆွေ တစ်ယောက်နောက်ကို လိုက်သွားလိုက်ရာကနေ လမ်းပျောက်သွားတဲ့ ကျန်းဟောက်ရယ်ပါ။ တစ်ခါမှမရင်းနှီးတဲ့နေရာကို ရောက်သွားတာသိရက်နဲ့ အိမ်ပြန်လိုက်ပို့ပေးမယ်ကို အားနာပါးနာ ငြင်းလိုက်တာက တစ်ကြောင်း။

ဖုန်းအားသွင်းကြိုးမေ့ကျန်ခဲ့ပြီး ဖုန်းအားကုန်သွားတာကတစ်ကြောင်း။ မြေပုံလည်း ကြည့်လို့မရတော့တာနဲ့ စိတ်ပျက်ချင်စရာအတိ။

ညဘက် အချိန်လွန်နေလို့ ဘတ်စ်ကားရော တက်စီတွေပါ မရှိတော့တာက တစ်ကြောင်း။ လူဆိုရင်ဖြင့် အရိပ်တောင်မမြင်ရပါ။

ဆိုးလ်မြို့ထဲကို မနှံ့တဲ့ ကျန်းဟောက်ရဲ့ အပြစ်လို့ပဲ မြင်မိပါ၏။

ကြံရာမရ လမ်းပေါ်လျှောက်သွားတုန်းမှာပဲ ကံကောင်းချင်တော့ အများသုံး ကြိုးဖုန်းပေးထားတဲ့နေရာ တွေ့တော့ မျက်လုံးပင် ကျယ်သွားရသည်။

ကံတော့ကောင်းပေလို့ တော်သေးတာပေါ့။ မြန်မြန်ပဲ အကြွေစေ့ထည့်လိုက်ပြီး မှတ်မိတဲ့ အိမ်က လူတစ်ယောက် နံပါတ်ကို ရိုက်ထည့်လိုက်သည်။

အိမ်မှာ မှတ်ရအလွယ်ဆုံး ဖုန်းနံပါတ်ကိုကိုင်ထားသူဟာ ကားပိုင်တဲ့ အီဂျောင်ဟျွန်းပေမို့ ကျန်းဟောက် အီဂျောင့် ဖုန်းနံပါတ်ကိုတော့ ကောင်းကောင်း အလွတ်ရပါသည်။

" အမိန့်ရှိပါ~ "

" အီဂျောင်ရေ ကိုယ် အခု လမ်းပျောက်နေလို့လေ။ ဖုန်းအားလည်း ကုန်သွားတာနဲ့ အများသုံးဖုန်းက ဆက်လိုက်တာ "

အဲ့ဒီနောက် အနီးအနားမှာရှိတဲ့ ဘတ်စ်ကားမှတ်တိုင်နာမည်နဲ့ အိမ်ကို ဘယ်လိုမှမပြန်တတ်ကြောင်း ဖြေရှင်းချက်တွေ မြန်မြန်ပေးလိုက်ပြီးတော့ အီဂျောင်က ချက်ချင်း စကားမပြန်ပေ။ ဖုန်းပြောချိန်ကုန်လို့ ဖုန်းထပ်ခေါ်ဖို့တော့ အကြွေစေ့ကျန်ပါသေး၏။

" ကျွန်တော်က အပြင်မှာ "

" အပြင်မှာဆို အတော်ပဲပေါ့ "

shady☆ [julyz] ✔️Where stories live. Discover now