အပိုင်း (၂၉၃) ဖူကျို့ပါးရိုက်ခြင်း

Start from the beginning
                                    

လင်ဖုန်းသည် မနေနိုင်တော့သဖြင့် ထဆဲလေတော့သည်။

“ သောက်ကျိူးနဲ၊ သူ့အားအကောင်းဆုံးဟာနဲ့ ပြိုုင်မလို့တဲ့လား”

ဂျပန်ကစားသမားများသည် သည်နေရာများ ဂိမ်းစက်များအားလုံးနှင့် အလွန်ရင်းနှီးသည်ကို အားလုံးက သိထားကြသည်။

Spade လေးကတော့ ဒီလိုပြိုင်ရင်းနဲ့ နှပ်ချခံရတော့မှာပဲ။

အချို့လူများသည် စိုးရိမ်နေကြပြီး အချို့မှာ ဖူကျို့ကို ခြေချော်စေချင်နေကြလေသည်။

လူတစ်ယောက်သာလျှင် သူ့စူးစူးရှအကြည့်များနှင့် တစ်ချိန်လုံး စောင့်ကြည့်နေသည်။ သူ့အကြည့်သည် သိမ်မွေ့နူးညံ့မှုအလျဥ်းမရှိချေ။

သင်သာ စစ်တပ်နောက်ခံက လူသာဆိုလျှင် သူ့မျက်လုံးထဲမှ အမူအရာကို ချက်ချင်းနားလည်နိုင်လေသည်။

နားလည်ရခက်သော ခိုင်မာသော စွမ်းအားကြီးသော။

မြင့်မြတ်သော ထိုက် တောင်ကြီးကဲ့သို့ တမူထားခြားသောဆွဲဆောင်မှုကို လစ်ဟပြနေတော့သည်။

လိုအပ်သည့်အချိန်တိုင်း လှည့်ကြည့်လိုက်ရုံနှင့် သူ့ကိုမြင်နိုင်အောင် သူသည် ဖူကျို့နောက်တွင်ကပ်ကာ ရပ်လိုက်သည်။

ဖူကျို့ ပြန်လှည့်လာသည့်အချိန်တိုင်း သူကိုမြင်လိုက်ပြီး သူမသည် ပြုံးပေလိမ့်မည်။

သူသည် သူမနှင့် ပတ်သက်ပြီး တစ်ခုခုကို ခံစားမိနေဟန်တူသည်။

ချင်မော့သည် အလွန်ညာဏ်ကောင်းသူ ဖြစ်သည်။

သို့သော် ထူးဆန်းစွာ တစ်ခါတစ်ရံ....

ဤနတ်ဘုရားသည် အမြဲလိုလိုပင် သူမကို တည်တည်ငြိမ်ငြိမ် ကြည့်တတ်လေသည်။

အကြိမ်များစွာ ကြည့်ပြီးလည်းဖြစ်သည်။

သူတို့သည် အမြဲလိုလို အတူတူ ရင်ဆိုင်လာသကဲ့သို့ပင်။

ဤအရာသည် အမှန်တကယ်ပင် ကောင်းမွန်သော ခံစားချက်ဖြစ်လေသည်။

ဖူကျို့သည် သူမ၏နှုတ်ခမ်းများကို ကွေးထားလိုက်ပြီး သူမ၏လက်ချောင်းများကို ‘စတားလိုက်ဂိမ်းစက်’ စခရင်ပေါ်တင်ထားလိုက်သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now