" ဘာပဲဖြစ်ဖြစ် နင့်အနားမှာ ငါတို့ရှိတယ် မာန်...နင်တစ်ယောက်ထဲမဟုတ်ဘူး...ငါတို့နင့်ဘက်မှာ အမြဲရှိတယ်...အဲ့တာကိုနင်မြဲမြဲမှတ်ထား မာန်"

  သူငယ်ချင်းမလေးဖြစ်သူ ကြယ်စင် စကားကြောင့် မာန် ပြုံးပြပြီး ခေါင်းညိတ်ပြလိုက်သည်။ တော်သေးတာပေါ့ သူ့(မာန်)မှာ သူငယ်ချင်းတွေရှိသေးလို့။ သွေးသားမတော်စပ်ပေမယ့် ရင်နှစ်သည်းခြာလို ခံစားမှုမျိုးပေးနိုင်တဲ့ ဒီသူငယ်ချင်းတွေကြောင့်သာ သူအခုထိရှင်သန်နိုင်ခဲ့တာ။

"ရှေ့လျှောက်ရမယ့် နင့်ဘ၀ အခက်အခဲမရှိ အဆင်ပြေချောမွေ့ပါစေ မာန်...ငါဆုတောင်းပေးတယ် သိလား"

  ကြယ်စင်အသံကြားမှ မာန်တစ်ယောက် အတွေးတွေလွင့်မျောနေရာက လက်ရှိအချိန်ကို ပြန်လည် အာရုံစိုက်လိုက်သည်။

"ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ကြယ်စင်"

  "ကြယ်စင် ပြောသလိုပဲ...ငါတို့ မင်းဘက်မှာ အမြဲရှိတယ် မာန်...တစ်ခုခုဖြစ်ရင် ငါတို့ဆီကို ပြေးလာခဲ့...ကြားလား ဟေ့ကောင်"

  မာန်က သော်တာကို ပြုံးပြပြီး

"အင်းပါ...ငါကြားပါတယ် ပြီးတော့ ကျေးဇူးပဲ...မင်းတို့တွေရှိနေလို့သာ အခုထိငါ ရပ်တည်နိုင်ခဲ့တာ"

"ငါတို့ကြားမှာ ကျေးဇူးဆိုတာက တစိမ်းဆန်တယ်...မင်းတကယ်ကျေးဇူးတင်ချင်ရင် ဘာအန္တရာယ်မှမဖြစ်စေနဲ့...ငါတကယ် မင်းကိုစိတ်ပူတယ် မာန်"

ထိုစကားကို လင်းသာက ပြောလိုက်ခြင်းဖြစ်သည်။မာန်ကလည်း ပြုံးကာခေါင်းညိတ်ပြသည်။

"အင်းပါ ငါဂရုစိုက်ပါ့မယ်"

  သူငယ်ချင်းလေးယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးနေကြသည်။ အခန်းလေးအတွင်း နွေးထွေးမှုများက လွှမ်းခြုံလို့နေသည်။ အလင်္ကာမုန်းမာန် အသက်၇နှစ်တွင် 'ပန်းပျိုးအိမ်'ဟူသော မိဘမဲ့ဂေဟာကို စရောက်တုန်းက မိသားစုသဖွယ်နွေးထွေးပေးခဲ့သော သူတို့၃ယောက်ကို ခင်တွယ်ခဲ့ရသည်။ သွားအတူလာအတူ အေးအတူပူအမျှ မျှဝေခံစားကာ အတူကြီးပြင်းလာသည့် သူငယ်ချင်း၃ ယောက်က မာန့် အတွက် ဒုတိယ မိသားစုပါပဲ။ ကံဆိုးမှုတွေကြားမှ ဘုရားကပေးခဲ့တဲ့ ကံကောင်းမှုလေး။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now