ပြင်ပတွင်တော့ ထုတ်ဖော်မပြောရဲကြပေ။ ခွန်းမိသားစုအား မထီမဲ့မြင်ပြုမိသည်နှင့် သူတို့၏ဘ၀အား ကုန်းကောက်စရာ မရှိအောင်ပြုလုပ်နိုင်သော အာဏာသည် ခွန်းမိသားစု၏ လက်ထဲတွင် ရှိနေသည်မဟုတ်ပါလား။
*********************************
" မာန် မင်းတကယ်ပဲ နောင်တမရတော့ဘူးလား...ရှေ့ဆက်တိုးမှ ဖြစ်မှာလား...တစ်ခြားနည်းလမ်းတွေရော မရှိတော့ဘူးလား "

  'လား' ပေါင်းများစွာနှင့် သူငယ်ချင်းဖြစ်သူ စောဟန်လင်းသာ၏ အမေးကို အလင်္ကာမုန်းမာန် ပြုံး၍သာ ပြန်ဖြေလိုက်သည်။

" အင်း ငါတကယ် နောင်တမရဘူး လင်းသာ...တစ်ခြားနည်းလမ်း‌တွေထက် ဒီဟာက အထိရောက်ဆုံးနဲ့ အလျင်မြန်ဆုံးပဲမို့ ဘယ်နှစ်ခါမေးမေး ငါဒီလမ်းကိုပဲ‌ ရွေးမှာ"

"မင်းအခုလျှောက်တဲ့လမ်းက ပန်းခင်းလမ်းမဟုတ်ဘူး...ဆူးခင်းလမ်းကွ...အဲ့မိသားစုထဲ ၀င်တယ်ဆိုတာ ကျားရဲတွင်းထဲ ၀င်သလိုပဲ...မင်းအသက်အန္တရာယ် ထိခိုက်လာနိုင်တယ်...နည်းနည်းလေးတော့ စဉ်းစားပါအုံး မာန်ရာ"

  ရှိုင်းသော်တာလင်းက စိုးရိမ်သော မျက်ဝန်းများနှင့်ပြောလာသည်။ မာန်က ခေါင်းခါပြကာ

" ငါ့အသက်ကို စိုးရိမ်ရရင်တောင်မှ ငါဒီလမ်းကိုပဲရွေးမှာ...မင်းတို့ငါ့ကို မတားပါနဲ့တော့ "

  ဆို့နင့်ကြေကွဲစွာပြောလာသော မာန်အား သော်တာနှင့် လင်းသာတို့ ဖက်ထားပေးလိုက်ကြသည်။ ဘာပဲဖြစ်ဖြစ် မာန်အဆင်ပြေဖ့်ိုသာ သူတို့မျှော်လင့်ပါသည်။ အဆင်မပြေမှန်း သိ‌ပေမယ့်ပေါ့။

  သတို့သားနားနေခန်းတွင် ယနေ့ဇာတ်ဆောင်တစ်ယောက်ဖြစ်သော အလင်္ကာမုန်းမာန်နှင့် သူ့သူငယ်ချင်း စောဟန်လင်းသာ၊ ရှိုင်းသော်တာလင်း ၊ကြယ်စင်မိုးမြင့်တို့ စကားပြောနေကြခြင်းဖြစ်သည်။
သူငယ်ချင်းဖြစ်သူတို့၏ စိုးရိမ်နေမှုများကို မာန်နားလည်ပါသည်။ သို့သော် မာန် ဒီလမ်းကိုရွေးမှ ဖြစ်မည်။ သေဆုံးသွားသော မိဘနှစ်ပါး၏ မတရားခံရမှု အတွက် သူဒီလမ်းကိုလျှောက်ကို လျှောက်ရလိမ့်မည်။ သူ့အသက်ကို ထိခိုက်လာရင်တောင်မှပေါ့။ မာန်ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ ထိုဆုံးဖြတ်ချက်အတွက် မာန် နောင်တရမည် မဟုတ်‌ပေ။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now