သူမလည်းဘဲ ရပြီး ဝတ်ချင်သည်။

ဝူတာ့ချွမ်းက သူမအသံတွင် မနာလိုမှုနဲ့ လိုချင်မှုကို ပါဝင်နေသည်ကို ကြားလိုက်ရသည်။

သူက အန်ရန်ရဲ့လက်ကို ကိုင်ပြီး "ကောင်းပြီ ပိုက်ဆံရတဲ့အခါ အကောင်းဆုံ နာရီဝယ်ပေးမယ်။"

သူ လုပ်နိုင်သည်ဖြစ်စေ မလုပ်နိုင်သည်ဖြစ်စေ အန်ရန်က နှလုံးသားထဲတွင် ချိုမြိန်မှုနဲ့ ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။

သူတို့နှစ်ဦး ချစ်ကြိုက်ခဲ့သည်မှာ သုံးနှစ်ရှိပြီ ဖြစ်သော်လည်း ဝူတာ့ချွမ်းရဲ့ မိသားစုအ‌ခြေအနေက သိပ်အဆင်မ‌ပြေပြီး အန်ရန်ရဲ့ မိသားစုအ‌ခြေအနေက ပိုကောင်းတာကြောင့် မိဘများရဲ့ လိုအပ်ချက်များလည်း မြင့်မားနေသည်။

သူမရဲ့ မိသားစုက ခန်းဝင်ပစ္စည်းအဖြစ် ယွမ် 500 တောင်းပြီး လက်စွပ် 3 ကွင်းရှိမည် ဖြစ်ကာ မရှိပါက သူမကို လက်ထပ်ခွင့် မပေးပေ။

ဝူတာ့ချွမ်းရဲ့ မိသားစုက ခက်ခဲတဲ့အခြေအနေတွင် ရှိ‌‌နေတာကြောင့် သဘာဝအတိုင်း အဆိုပါပစ္စည်းများကို မတတ်နိုင်ပေ။

Guang Dong ခရိုင်မှာ လစာ အရမ်းများသည်။ လူတော်တော်များများက Guang Dong ခရိုင်က ကုန်ပစ္စည်းတွေ ဝယ်ပြီး ပိုက်ဆံများများရအောင် ပြန်ရောင်းကြသည်ကို ကြားတော့ သူလည်း အလုပ်ထွက်လုပ်ချင်သည်။ ပိုက်ဆံရတဲ့အခါ ပြန်လာပြီး အန်ရန်ကို လက်ထပ်ချင်သည်။

အန်ရန်က တောင်ဘက်ကို သွားချင်ပြီး သူနဲ့အတူ အလုပ်ကြိုးစားလိုကြောင်း သိတာကြောင့် သူမနဲ့အတူ သွားမည်ဟု ပြောခဲ့သည်။

ရှောင်လီက အန်ရန်ရဲ့ အတန်းဖော် သူငယ်ချင်းကောင်း ဖြစ်သည်။ သူမက ရည်မှန်းချက်ကြီးသော မိန်းကလေးတစ်ယောက် ဖြစ်ပြီး တောင်ဘက်သို့ သွားရန် အချိန်တော်တော်ကြာကတည်းက စဉ်းစားနေသူ ဖြစ်သည်။

တောင်ဘက်လမ်းက အဆင်မပြေဘူးလို့ ကြားသိတဲ့အခါ သူမမိဘတွေက တစ်ယောက်တည်း သွားဖို့ကို သဘောမတူခဲ့ဘူး။

အန်ရန်နဲ့ တခြားသူတို့က အလုပ်သွားလုပ်ကြမည်ကို ကြားတဲ့အခါ ရှောင်လီက သူမနဲ့အတူ သွားမည်ဖြစ်ကြောင်း ချက်ချင်းပြောခဲ့သည်။

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now