အပိုင်း(၂၈၉) ကြီးမြတ်လှတဲ့သခင်လေးချင်ရဲ့ တုံ့ပြန်မှု

Start from the beginning
                                    

ချင်မော့သည် လူငယ်လေး၏ရှင်းပြချက်ကို ကြားလိုက်ပြီးနောက်တွင် သူ့မျက်လုံးများသည် မသိမသာမှိန်သွားလေသည်။

ဖူကျို့သည် သူမ၏ဆင်ခြေက ကြီးမြတ်လှသည့်သခင်လေးချင်ကို ယုံကြည်လာအောင် အနည်းငယ် လုပ်နိုင်ခဲ့သည်ကို သိလိုက်၏။

သို့သော် ကြီးမြတ်လှသည့်သခင်လေးချင်သည် အမြဲတစေ တုံးတိတိနိုင်ဆဲ။

“မင်း ကြည့်ရတာ အတွေ့အကြုံရင့်နေတဲ့ပုံပဲ၊ မင်း ရုံးခန်းကို ဘယ်နှစ်ခါခေါ်ခံရပြီးပြီလဲ”

ဖူကျို့ : “...”

သူမ အတွေးမှားသွားပြီလေ....

နတ်ဘုရားကြီးက သူမနဲ့စကားပြောရတာ ထပ်ပျော်မနေတော့လေဘူး။

“နောက်ကျနေပြီ”

ချင်မော့သည် နံရံပေါ်က နာရီကိုကြည့်လိုက်ပြီး ယခုထိတိုင် ရှော့ခ်ရနေကြသေးသည့် သူ့ကစားသမားများကို ပြောလိုက်၏။

“အခု ဟိုတယ်ကိုပြန်ကြမယ်၊ မနက်ဖြန် လုပ်စရာတွေရှိသေးတယ်”

“ဟမ် ၊ အာ.. ဟုတ် ခေါင်းဆောင်”

လင်ဖုန်းနှင့် တခြားသူများသည် လေးပင်စွာ ပြန်ဖြေလိုက်ကြသည်။

နောက်ဆုံးတော့လဲ ခေါင်းဆောင်နဲ့ Spade Zလေးတို့ရဲ့ စကားဝိုင်းက အမြဲတမ်းကို နည်းနည်းတော့ ထူးဆန်းလိုက်ရမှလေ။

အားလုံးက နားမလည်နိုင်ဖြစ်နေလဲ သူတို့နှစ်ယောက် နားလည်ရင်ရပြီဆိုတဲ့သဘောမျိုးနဲ့ တူနေတာ။

နောက်ပြီးး.... ခေါင်းဆောင်က Spadeလေးကို ဆက်ဆံတဲ့ပုံက တခြားလူကိုဆက်ဆံတဲ့ပုံနဲ့ တကယ့်ကို မတူတာ။

ချင်မော့ ပြောလိုက်သောကြောင့် သူတို့လည်း ထွက်သွားလေသည်။ လျိုလိသည် သူတို့ကို ထပ်နေရန် မပြောနိုင်တော့ချေ။

သူမသည် ကြိုးစားပြုံးလိုက်ပြီး Supremeအသင်းထွက်သွားသည်ကိုသာ ကြည့်နေလိုက်ရသည်။

သို့သော် ဖူကျို့သည် တံခါးအနီးရှိ စက်ဆီလျှောက်သွားလိုက်ချိန်တွင် တစ်စုံတစ်ခုက သူမ၏ခြေလှမ်းတစ်ဝက်တွင် ခြေထိုးဝင်လာလေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now