Part.2

6.4K 796 90
                                    

ထယ်ယောင်းမနက်မိုးလင်းသည်နှင့်ကပြာကယာ
ရေမိုးချိုး အဝတ်အစားလဲ ပြီးအလုပ်သွားဖို့ဆိုင်း
ပြင်ရသည်။အလုပ်ချိန်က ကိုးနာရီခွဲဆိုပေမဲ့အိမ်
ကနေခုနှစ်နာရီလောက်အမှီထွက်ရ၏။ကားစီးတာသိပ်မကြာပေမဲ့ယူဂျင်းနဲ့မနက်ပိုင်းတစ်နာရီလောက်ချိန်းတွေ့နေကျ။ သေချာဝတ်စားပြင်ဆင်
ပြီး ထွက်လာချိန်မှာတော့ ဂျောင်ဂုကီးကမနက်
စာပြင်ဆင်ပြီးနှင့်ပြီ။

"အစောကြီးရှိသေးတာ...ဘာအလုပ်မှမရှိဘဲဆက်
အိပ်နေသေးတာမဟုတ်ဘူး"

ထယ်ယောင်းပွစိပွစိရေရွတ်လိုက်ပေမဲ့ဂျောင်ကု
ကသူ့လက်ကိုဆွဲကာစားပွဲဝိုင်းတွင်ထိုင်စေသည်။

"အလုပ်က ဂျယ်ဝူးလမ်းသစ်မှာဆို၊ဒီကလမ်းလျှောက်သွားရင်တောင်နာရီဝက်မကြာဘူး၊
အခုမှ ခုနှစ်နာရီပဲရှိသေးတာ၊အစောကြီးသွားမလို့
လား"

ရှိူ့တို့ရှန်းတန်းဖြစ်သွားတဲ့ထယ်ယောင်းရယ်။
အသက်အရွယ်သာကြီးလာတယ်၊အချစ်ရေးမေး
ခံရတိုင်းအခုချိန်ထိ ဆယ်ကျော်သက်ကျောင်းသားလေးလိုရှက်သွေးဖြာတုန်း။

"မင်း မရီးလောင်းနဲ့သွားတွေ့မလို့၊ယူဂျင်းနဲ့ကိုယ်ကမနက်ပိုင်းတစ်နာရီလောက် အမြဲတမ်းတွေ့နေကျ"

ဂျောင်ကုခံပြင်းမိသည်။အစ်ကို့ကိုအရမ်းချစ်သော်
လည်းသူတို့နှစ်ယောက်ခြားညီအစ်ကိုဆိုတဲ့ တံတိုင်းကြီးကာရံထားသည်။အဲ့တံတိုင်းကိုမဖြိုချ
မဖျက်ဆီးနိုင်သ၍ ထယ်ယောင်းနဲ့နီးစပ်ခြင်းဆို
တာရှိလာမှာမဟုတ်ပေ။

"ကိုကို...သူ့ကိုချစ်လား"

ဂျောင်ကုအသံကအနက်ငယ်အက်ရှနေသည်။
မျက်ဝန်းထဲနာကျင်မူ့တစ်စွန်းတစ်စကိုမြင်သော်
ငြားထယ်ယောင်းလစ်လျူရူလိုက်၏။

"အင်း...ချစ်တယ်..."

"ကျွန်တော့်ထက်ပိုချစ်လား..."

ခေါင်းငိုက်စိုက်ထားသည်ကြောင့် ဂျောင်ကုမျက်
နှာအမူအယာကိုထယ်ယောင်းမမြင်ရ။ဒီကလေး
ပြန်လာလျှင်ဒီကိစ္စကိုအကြီးအကျယ်ဖြေရှင်းရမယ်ဆိုတာသူတွက်ချက်ပြီးသား။

"ဘာဆိုင်လို့တုန်း...မင်းကငါ့ညီ၊ ဟိုက ငါ့ရည်းစား၊
တစ်ဘဝလုံးလက်တွဲဖို့ရည်ရွယ်ထားတဲ့သူ၊မတူ
တဲ့အရာနှစ်ခုကိုယှဥ်ပြောလို့မှမရတာ"

I am not your brother(Completed )Opowieści tętniące życiem. Odkryj je teraz