Part.13

4.3K 537 47
                                    


အကြောင်းစုံကိုထယ်ယောင်းအိမ်ရောက်ရောက်ခြင်း
ဂျောင်ကုအားမပြောပြချင်။ယောကျာ်းတစ်ယောက်ဖြစ်ပြီးမိန်ကလေးတွေလိုလိင်ပိုင်းဆိုင်ရာစော်ကားခံရတာရှက်ဖို့ကောင်းလွန်းတယ်။အရိပ်တကြည့်ကြည့်ရှိသော်ငြားဂျောင်ကုကလည်းအတင်းမမေး။အဖျားတစ်ငွေ့ငွေ့နဲ့ထယ်ယောင်းမှာဆန်ပြုတ်ပူပူတစ်ခွက်ကိုဂျောင်ကုရှေ့မနည်းကုန်အောင်
သောက်ပြရတယ်။ညဘက်ဆေးကိုဂျောင်ကုကိုယ်တိုင်တိုက်
သည်။ထို့နောက်...ထယ်ယောင်းလည်းကုတင်ထက်စောင်
ခြုံကွေးကာမှေးနေလိုက်တော့၏။

ထယ်ယောင်းစိတ်အခြေအနေက အိပ်ခါနီးထိ ဆိုးဝါးတုန်း
ပင်။အိပ်ခန်းထဲတစ်ယောက်တည်းလုံလုံခြုံခြုံရှိနေသည့်တိုင်ကားပေါ်က အဖြစ်အပျက်ကြီးကိုပြန်မတွေးဘဲမနေ
နိုင်။အကြည့်တွေကစပ်ဆုပ်ဖို့ကောင်းလွန်းလို့၊ကိုယ့်အသာ
ကိုအရေလှန်ပစ်ချင်တော့တာပဲ။

ထယ်ယောင်းအဲ့သူစိမ်းအကြည့်ကိုစပ်စုပ်ရွံမုန်းသော်လည်း
ယောကျာ်းတစ်ယောက်ရဲ့အထိအတွေ့နမ်းရှိုက်ခြင်းကိုတော့
မလွန်ဆန်နိုင်ခဲ့။ဂျွန်ဂျောင်ကု..ဟုတ်တယ်.. သူနဲ့ဂျောင်ကု
တို့မှာညီအစ်ကိုဖြစ်လင့်ကစား လူပျိုပေါက်အရွယ်ကတည်း
က ပွတ်သီးပွတ်သပ် ပြုလေ့ရှိတယ်။လူပျိုဝင်ကာစဂျောင်ကုကို ထယ်ယောင်းလက်နဲ့ အကြိမ်ကြိမ်အခါခါလုပ်ပေး
ခဲ့ဖူးတယ်။မနူးမနပ်လူပျိုပေါက်လေးဂျောင်ကုအတွက်ရုတ်
တရပ်ဆန်ဆန်ခန္ဓာကိုယ် ကြီးထွားလာခြင်းကအခက်တွေ့
စေတယ်။

မှတ်မှတ်ရရ ဆောင်းတွင်းညတစ်ညပါပဲ။ထယ်ယောင်းအဲ့
တုန်းက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဖို့ကြိုးစားနေတဲ့
အချိန်။ညနက်အထိ စာကျက်မှတ်ပြီးသည့်အခါ တစ်ခု
တည်းသောမီးအိမ်လေးကိုပိတ်ပြီးထယ်ယောင်းအိပ်ဖို့
ပြင်သည်။ အေးစိမ့်နေသည့်ရာသီဥတုကြောင့်တံခါးတွေ
သေချာပိတ်၊အနွေးထည်ဝတ်၊စောင်ထူထူကြီးကိုခြုံပြီးဇိမ်
ယူကွေးကာနီးအခန်းတံခါးဖွင့်သံကျွီကနဲ မြည်လာ၏။

ဝါကျင့်ကျင့်မီးရောင်အောက် အမှောင်ထုကြီး အုပ်စိုး
ထားသလို ကောင်ငယ်လေးရဲ့ အကြည့်တွေကမှောင်မိုက်
နေတယ်။အေးစက်နေတဲ့ရာသီဥတုကြီးမှာတောင် သူ့ညီလေးမျက်နှာထက်ချွေးတွေသီးလို့။

I am not your brother(Completed )Dove le storie prendono vita. Scoprilo ora