Part.24

5.1K 591 30
                                    

ချွဲမင်ဂျွန်းပျောက်ချင်းမလှပျောက်သွားသည်
နှင့်တစ်ဖက်က မူးယစ်အဖွဲ့မှာတစ်ခုခုလွဲမှားနေ
ပြီဖြစ်မှန်းနားလည်လိုက်​သည်။အချိတ်အဆက်
တွေမှတစ်ဆင့်တွင်းအောင်းနေတဲ့မြေကြွက်တွေလိုပဲ အချိန်တိုအတွင်းမှာပင်ပျောက်ချင်းမလှပျောက်ကုန်ကျသည်။မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်သူတစ်ယောက်လျှော့သွားလို့ဘာမှမဖြစ်။ဂိုဏ်းခေါင်းဆောင်ရှိနေသ၍နောက်ထပ်ယုံကြည်စိတ်ချရသူတွေဌားကာ မူးယစ်ဆေးရောင်းဝယ်ဖြန့်ဖြူးလို့ရသေးတာပဲ။ထောင်နှုတ်
ခမ်းနားစင်္ကြလျှောက်နေရတဲ့အလုပ်မို့...ဒီလောက်ကတော့ပြသနာအကြီးအမားမဟုတ်။

လီယူဂျင်းမှာတော့ပြသနာအကြီးကြီးရှိသည်။
ချွဲမင်ဂျွန်းကိုဖမ်းမိလိုက်ပြီမို့ရဲတွေက တောက်
လျှောက်ဆိုသလိုပတ်သတ်ရာပတ်သတ်ကြောင်း
တွေကိုလိုက်တော့မှာ။ဒီလိုချွဲမင်ဂျွန်းအဖမ်းခံရတာကင်မ်ထယ်ယောင်းစနက်ကြောင့်လည်းပါတယ်။ကင်မ်ထယ်ယောင်းသာရဲတွေဆီ ယူဂျင်းအကြောင်းအားလုံးဖွင့်ချလိုက်ရင်ကိုယ်ကျိုး
တော့နည်းတော့မှာပဲ။အပြင်လည်းမထွက်ရဲသလို
အိမ်မှာလည်းမလုံခြုံ။ဖုန်းသံမည်တိုင်းလည်းသ
ရဲခြောက်ခံရသူပမာထိတ်လန့်ကြောက်ရွံနေမိ၏။

မကောင်းတော့ဘူး...ထွက်ပြေးဖို့နည်းလမ်းတစ်ခု
ခုကိုရှာမှဖြစ်မယ်။ဒီလိုလွယ်လွယ်ကူကူနဲ့ဘဝကြီး
ကိုထောင်ထဲမှာပဲအဆုံးသတ်မသွားချင်ဘူးလေ။
ယူဂျင်းဇိမ်ခံကားကြီးစီးပြီးအကောင်းဆုံးဆိုတဲ့
ဘဝမှာရွှေမရှားငွေမရှားနေချင်သေးတယ်။ငြိမ်
ငြိမ်လေးနေပြီးအဖမ်းခံရဖို့စောင့်နေရအောင်ထိ
မရူးသေး။

နောက်ဆုံးသောလွတ်မြောက်ခြင်းက ဟန်ဒယ်ဆူး
ကိုအကျိုးရှိရှိအသုံးချခြင်းပင်။ဂျောင်ကုလာ
သောင်းကျန်းတဲ့နေ့တုန်းက ဒီကိစ္စကိုလျို့ဝှက်ကာ
ဟန်ဒယ်ဆူးရှေ့ထုတ်မပြောခဲ့။ဘာမှမသိဘဲ
ရဲတွေလာဖမ်းရင်အူလည်လည်လေးပါသွား
စေချင်တာမှန်းအရမ်းသိသာလွန်းသည်။
အခုယူဂျင်းနေထိုင်ရာပတ်ဝန်းကျင်တစ်ဝိုက်တွေ
ရဲဝန်ထမ်းတွေဘယ်လောက်များစောင့်ကြည့်နေ
လဲမသိ။

ဒါ့ကြောင့်ဟန်ဒယ်ဆူးဆီကိုသွားဖို့စောနိုင်သမျှ
စောစောထွက်ခဲ့တယ်။မနက်သုံးနာရီခွဲ...အခုချိန်
လူသွားလူလာကင်းသလို ကားလမ်းကြောင်းလည်းရှင်းသည်။ခရီဆောင်အိတ်သေးသေးလေး
ကိုဆွဲကာယူဂျင်းတိုက်ခန်းမှထွက်လာခဲ့၏။ထို့
နောက် ကားကို အရှိန်တင်မောင်းရင်း ဟန်ဒယ်
ဆူးနေထိုင်ရာ မြို့ပြင်ဗီလာကိုသာအားကိုးထွက်
ခဲ့သည်။

I am not your brother(Completed )Where stories live. Discover now