Part.1

9.2K 929 67
                                    

ပြောက်တိပြောက်ကြားလမ်းတွေထက်မိုးရေစက်
တွေကတစ်ဖွဲဖွဲ။ဒီတင်္နလာနေ့မှာတနင်္ဂနွေနေ့ထက်
ပိုပျင်းရိငြီးငွေ့ဖွယ်ကောင်းတယ်။တဖျောက်ဖျောက်မိုးကျသံတွေ ဝေးသွားလိုက်နီးသွားလိုက်နဲ့။လေပွေတစ်ခုလိုပါပဲ ထယ်ယောင်းအိမ်တစ်ခုလုံးကိုပတ်လည်ရိုက်ကာအလုပ်ရှုပ်နေတော့သည်။
တစ်​ယောက်ထဲဆိုဖြစ်သလိုနေ၊ ဖြစ်သလိုစားဆို
ပေမဲ့ ညီလေးပြန်လာရင်တော့သူ့ကအတတ်နိုင်
ဆုံးအကြီးပီသအောင်စည်းနဲ့ကမ်းနဲ့နေထိုင်တတ်
ရမည်။သူကအရမ်းကြီးလေးစာဂုဏ်ယူဖွယ်ကောင်းတဲ့အစ်ကိုကြီးတစ်ယောက်မဟုတ်ရင်တောင်ဆိုးသွမ်းညစ်စုတ်တဲ့ အစ်ကိုမျိုးမဖြစ်ချင်။အိမ်တစ်အိမ်လုံးဂရုတစ်စိုက်သန့်ရှင်းလေးလုပ်ပြီးနောက်ကြမ်းပေါ်ထိုင်ချကာအမောဖြေရုံရှိသေး အိမ်ရှေ့တံခါးဘဲလ်ဆူညံစွာမြည်လာသည်။

မိုးကလည်းလုံးဝရပ်သွားပြီ။

"လာပြီ...လာပြီ"

တံခါးချပ်အားလှပ်လိုက်သည်နှင့်ချောမောသော
ယောကျာ်းပျိုအားရုတ်ချည်းတွေလိုက်ရသည်။
ထိုကောင်လေးရဲ့လက်နှစ်ဖက်လုံးခရီးသွားအိတ်
ကြီးအိတ်ငယ်နဲ့အပြည့်...

"ကိုကို...."

"ဂျောင်...ဂျောင်ဂုကီး"

ထယ်ယောင်းတုန်ရင်လှိုက်မောစွာခေါ်လိုက်ပြီးအရှေ့ကလူငယ်လေးအားတင်းတင်းကျပ်ကျပ်
ပွေ့ဖက်ထားမိသည်။ဂျောင်ကုကတော့ထယ်ယောင်းအားပြန်မဖက်။မိုးမိထားသည့်ကြောင့်
ဂျောင်ကုကိုယ်ကအနည်းငယ်အေးစက်နေပြီး
ကိုယ်သင်းရနံကမိုးနံနဲ့အတူရောနှောနေ၏။

"လွှတ်ဦး...ကျွန်တော့ကိုယ်မှာမိုးရေတွေနဲ့၊ကိုကို့ပါစိုကုန်မယ်၊ဖက်ချင်ရင်ရေခြောက်အောက်သုတ်ပြီးမှဖက်လေနော်"

ရင်ခွင်ထဲအတင်းတိုးဝင်နေသည့် ထယ်ယောင်းအားဂျောင်ကုအသာအယာတွန်းထုတ်လိုက်ပြီး
အိမ်ရှေ့ခန်းက ဆိုဖာပေါ်ဝင်ထိုင်သည်။ထယ်
ယောင်မှာတော့ရုတ်ချည်းရောက်ချလာတဲ့ဂျောင်ကုကြောင့်အနည်းငယ်ပြာယာခတ်သွားပြီး၊အခန်း
ထဲသပတ်ပြေးယူကာဂျောင်ကုခေါင်းပေါ်တင်ပေး
လိုက်၏။

I am not your brother(Completed )Where stories live. Discover now