ထယ်ယောင်းဒီနေ့အလုပ်အတော်ရှုပ်တယ်လို့
ပြောရမယ်။လချုပ်စာရင်းတွေနည်းနည်းကွာနေ
သည်ကြောင့်အပြန်ပြန်အလှန်လှန်စစ်နေရသည်
မှာနေ့တစ်ဝက်ကျော်လောက်ကြာသွား၏။
စိုစိုထိုင်းထိုင်း မိုးရာသီဘေးထွက်ဆိုးကျိုး အနေ
ဖြင့် ခေါင်းကိုက်ကာ၊နှာတရှုံ့ရှုံ။ တော်ရုံဖျား နာ
တာလောက်နဲ့ထယ်ယောင်းအလုပ်မပျက်တတ်။
ဆေးသောက်၊အနွေးထည်ဝတ်ပြီးအလုပ်ရောက်
အောင်သွားတာပဲ။ဒီမနက်တောင် ဂျောင်ကုဂီက စိတ်ပူပြီးအလုပ်တစ်ရက်နားဖို့ ပြောသေးတယ်။
ထယ်ယောင်းကသာခေါင်းမာပြီးဂျောင်ကုစကား
ကိုလစ်လျူရူခဲ့တာ။ဒီလည်းရောက်ရော...အလုပ်တစ်ပုံတစ်ခေါင်း
ကြီးထဲခေါင်းစိုက်ရပါလေရော။ဘေးနားချထားတဲ့ဖုန်းလေးဆီက နာရီဝက်တစ်ခါလောက်၊ Messageသံတစ်တောင်တောင်ကြားသော်လည်း ဂရုမစိုက်မိ။အလုပ်ပြီးချိန်ဖွင့်ကြည့်လိုက်မှ ဂျွန်ဂျောင်ကုရဲ့စာတိုတွေတစ်သီတစ်သန်း။*ရုံးရောက်ပြီလား*
*ကိုကို..ခေါင်းကိုက် နေသေးလား ဟင်*
*ထမင်းလည်း စားဦး*
*သူဌေးက အရမ်းအလုပ်ဖိခိုင်းရင်ထွက်လာခဲ့လိုက်*
ဘယ်လိုကလေးဆန်တဲ့ စကားပါလိမ့်၊ထယ်ယောင်းရယ်မိသွားတယ်။မသိရင် အကြီးလေး
ကျနေတာပဲ။ဂျောင်ကုငယ်ငယ်ကတည်းက
ထယ်ယောင်းပေါ်ဆိုးချင်တယ်။ကော်လိုကပ်
တွယ်တတ်တဲ့ ကလေးဆိုးလေးနဲ့အတူ အချိန်
တိုင်းအတူရှိပေးနေရသည့်အတွက်သူငယ်ချင်း
အပေါင်းအသင်းရယ်လို့ထယ်ယောင်းမှာ များ
များစားစားမရှိခဲ့။ထယ်ယောင်းရဲ့ငယ်ဘဝတစ်လျှောက် အမှတ်တရအားလုံးမှာ ဂျောင်ကုဂီလေး၏ချစ်စဖွယ်ပုံရိပ်လေးများနဲ့သာပြည့်နေတော့သည်။အခန်းထဲအေးမြလန်းဆန်းတဲ့လေညှင်းလေးနဲ့.
အတူထယ်ယောင်းမျက်နှာထက်နှုးညံတဲ့အပြုံးလေးဖြတ်ပြေးသွားတယ်။ခပ်မြန်မြန်ပင် ဂျောင်ကုအားစိတ်မပူရန် နှင့်အဆင်ပြေကြောင်းစာတိုတစ်စောင်ရိုက်ပို့လိုက်တယ်။ချက်ချင်းပင်...ဂျောင်ကုဘက်မှဖုန်းလှမ်းခေါ်
လာတယ်။"ပြော..ဂျောင်ကု"
![](https://img.wattpad.com/cover/354882442-288-k599190.jpg)