Part.25

4.8K 587 36
                                    

နောက်နေ့ရက်များတွင်ထယ်ယောင်းရုံပုံမှန်တက်
ရတော့သည်။အစက တည်းက အနေအေးသောကင်မ်ထယ်ယောင်းမှာထိုသို့ထိတ်လန့်စရာကိစ္စများကြုံလိုက်ရတဲ့အခါ အရင်ထက် ပိုတိတ်ဆိတ်သွားပြီးပိုဆိတ်ငြိမ်သွားသည်။လူအများနဲ့ဆက်ဆံရာတွင်အရင်ကလောက် အရောတဝင်ဟက်ဟက်ပက်ပက်မရှိလှဘဲစည်းလေးခြားသထက်ခြားလာသည်။သူ့ညီလေး ဂျွန်ဂျောင်ကုကလွဲဘယ်သူ့ကိုမှမယုံတော့ဘူး။ဂျောင်ကုအနားမှာနေမှ၊ဂျောင်ကုလက်ကိုကိုင်ဆွဲထားမှသာလျှင်လုံခြုံတယ်လို့ခံစားရတယ်။ဂျောင်ကုမရှိရင်သူ
ဘယ်လိုရပ်တည်ရမလဲမတွေးရဲဘူး။

အရမ်းပျော့ညံလွန်းမယ်မလား။
ဒီလို ပါပဲ.... ဘဝရှင်သန်ရပ်တည်ဖို့ရုန်းကန်ရင်း
မာကြောမူ့တွေတိုက်စားကျေပျက်ကုန်ပြီ။

ထယ်ယောင်းအထက်တန်းကျောင်းသားအရွယ်တုန်းကမာကျောကျောဂျွတ်ဆတ်ဆတ်နိုင်ခဲ့သည်။သူက သွက်လက်တက်ကြွတဲ့လူငယ်လေး
တစ်ယောက်ပါပဲ။ကျောင်းလူဆိုးစာရင်းတွင်မပါဝင်သော်ငြားတစ်ကျောင်းတည်းနေသူ့ညီလေးကိုကာကွယ်ရန်အတွက်အတော်အသင့်ကိုသန်မာသည်။

အထက်တန်းစာမေးပွဲဖြေရန် အရမ်းကိုနီးကပ်
နေပြီ။အပြင်ကျူရှင်မတက်ရဘဲ ကျောင်းမှပေး
တဲ့သင်ခန်းစာတွေကိုလေ့ကျင့်ရင်းထယ်ယောင်း
ဘဝလုံးလည်ချာလပတ်ရိုက်နေခဲ့တယ်။နွေရာ
သီရဲ့အေးစက်စက်မှတ်ဥာဏ်တွေထဲမှာ...မေး
ခွန်းဟောင်းတွေအတွက် လမ်မပေါ်ချွေးဒီးဒီး
ကျအောင်ကူးလူးပြေးလွှားခဲ့ဖူးသည်။ဂျောင်ကု
ကြောင့် သူငယ်ချင်းများများစားစားမရှိခဲ့ပေမဲ့၊
သူ့ဘေးနားခုံက အွန်ဗြောနဲ့တော့အတော့်ကိုရင်း
နှီးတယ်။အွန်ဗြောက ချစ်ဖို့ကောင်းပြီးလူဝင်
ဆန့်တဲ့ကောင်မလေး။ထယ်ယောင်းကိုမေးခွန်း
ဟောင်းအဖြေလွှာတွေအတွက်အများကြီးကူညီ
ပေးတတ်သလို၊ အရမ်ခက်တဲ့သင်ခန်းစာNote
တွေကိုလည်းကူshareပေးတယ်။

စာမေးပွဲဖြေ ဖို့သုံးရက်လိုနွေရာသီပူစပ်စပ်ညတစ်ခုမှာအွန်ဗြော ထယ်ယောင်းဆီဖုန်းဆက်လာခဲ့.တယ်။အဲ့မတိုင်ခင်ဂျောင်ကုနဲ့ထယ်ယောင်း
ဘာမဟုတ်ပြသနာတစ်ခုကြောင့်ကတောက်ကဆ
ဖြစ်ထားသည်မို့စိတ်သိပ်မကြည်။ခဏခဏမြည်
မြည်နေတဲ့အွန်ဗြောဖုန်းကိုကိုင်သာကိုင်လိုက်ရ
တယ်..စကားပြောအဖတ်လုပ်ချင်စိတ်ရှိမနေဘူး။

I am not your brother(Completed )Where stories live. Discover now