Part..23

5.1K 600 46
                                    

မျက်စိတစ်မှိတ်အတွင်းမှာပင်...နွေမိုးဆောင်းဥတု
သုံးလီပြောင်းလဲခဲ့ပြီ။ဂျောင်ကု ဒီနိုင်ငံကိုစ
စပြန်ရောက်တုန်းကဆို မိုးတွေသဲသဲမဲမဲရွာနေခဲ့တာ၊အခုတော့ နှင်းတွေစပြိုနေပြီ။ဘေးနားကပ်
လျှက်ရွေ့တေ့တေ့လေး လမ်းလျှောက်နေတဲ့လူ
အား ကြည့်ကာဂျောင်ကုပြုံးမိပါသည်။စိုးရိမ်စိတ်
လွန်ကဲတာမျက်နှာမှာ ပေါ်နေတာလေ။ပျော်တာပဲ
ဖြစ်ဖြစ်၊ဝမ်းနည်းတာပဲ ဖြစ်ဖြစ်ကိုကို့မျက်နှာ
ခံစားချက်ကို ဂျောင်ကုအလွယ်တကူဖတ်နိုင်ပါ
တယ်။

ရဲစခန်းနဲ့အကွာအဝေးပိုနီးလာသည်နှင့်အမျှ ၊
ကိုကိုမျက်နှာသည်လည်းစာရွက်ဖြူတစ်ခုလို
ဖြူဖပ်ဖြူရော်။

"ကိုကို...."

"ဟမ်....."

ဂျောင်ကု..အားပေးသည့်အနေဖြင့်ထယ်ယောင်း၏ပခုံးပေါ်လက်လေးလှမ်းတင်လိုက်သည်။ဖြစ်နိုင်ရင်...အရမ်းစိတ်လှုပ်ရှားနေတဲ့အစ်ကိုသေးသေးလေးကိုရင်ခွင်ထဲဖက်ထားပြီး
အားပေးလိုက်ချင်တာ။ ကိုကိုနောက်ထပ်စိတ်
ရှုပ်သွားမည်ကိုမလိုလားသည်ကြောင့် ထိုလွန်
ကဲတဲ့အပြုအမူတွေကိုရှောင်ရှားခဲ့လိုက်၏။

"ဘာမှမကြောက်နဲ့ ၊ရဲအုပ်မေးသမျှကိုအမှန်တိုင်း
တွေပြီးဖြေပေးလိုက်"

"ဂုကီ ရော...ဂုကီ မလိုက်ဘူးလားဟင်"

ဂျွန်ထယ်ယောင်းသူ့အပေါ်အခုလိုအားကိုးတကြီး
မှီခိုလာတာတွေ့တော့အလွန်ပင်သဘောခွေ့ရပါ၏။သူ ကိုကို့ ဆီမှဒီလိုအပြုအမူလေးတွေမြင်ရ
ဖို့ဘယ်လောက်တောင်မျှော်လင့်ခဲ့ရလဲ။အစ်ကို
ကြီးတစ်ယောက်အနေနဲ့ရောရည်းစားလေးအဖြစ်
နဲ့ပါ ထယ်ယောင်းအားသူအလိုမလိုက်ပဲမနေနိုင်။
သို့သော်ရဲဌာနချုပ်ရဲ့တရားဝင်ပြဌန်းချက်တွေအရ...အမူ့ကြားနာရာနေရာထိ သူလိုက်ပိုင်ခွင့်မရှိ။နောက်ပြီး ကိုင်တွယ်ဖြေရှင်စရာအလုပ်အနည်း
ငယ်လည်းရှိသေးတယ်။

"မလိုက်ဘူးလား...ဟင်"

"အမူ့စစ်တဲ့နေရာထိ ကိုယ်လိုက်လာလို့မရဘူး။အဲ့
ကြောင့်ကိုကိုတစ်ယောက်တည်းသွားရမှာ။ဟို
ရောက်ရင် ရဲမှူးဘာမေးမေးပါးပါးနပ်နပ်ဖြေ။
အမှန်တိုင်းပြောပြ။မူးယစ်ဆေးဝါးဆိုတာ လူ့.အသိုင်းအဝိုင်းရဲ့ရန်သူဆိုတာသိတယ်မလား။
လီယူဂျင်းကိုအရမ်းချစ်တယ်ဆိုပြီးကွက်ချန်ထား
ခဲ့လို့မရဘူးနော်... နားလည်လား....ထယ်ယောင်းရှီ"

I am not your brother(Completed )Where stories live. Discover now