Part.3

5.5K 731 47
                                    

နိုင်ငံခြားခရီးသွားလာရေးလုပ်ငန်းအများစုတွင်
HTBCကိုမသိသူမရှိ။အဆင့်မြင့်Hotelတွေ၊ဇိမ်
ခံအပျော်စီးသင်္ဘောအ​မြောက်အများပိုင်ဆိုင်ထား
သည်ဖြစ်ရာ ကျင်လည်ရာစီးပွားရေးနယ်ပယ်တွင်
တော့HTBCက ဘုရင်တစ်ပါးပင်။

ဂျောင်ကု ထိုမော်မော်ကြွားကြွာမိုးမြင့်အဆောက်
အဦးကြီးကိုမော့ကြည့်လိုက်သည်။နေ့အလင်း
ရောင်ကြားHTBCဆိုတဲ့ငွေရောင်စာတန်းကြီးက
တောက်ပနေလိုက်တာ။ ဂျောင်ကုဒီလိုထိပ်တန်း
Companyကြီးကြီးတစ်ခုတွင်အလုပ်လုပ်ရမည်
ဖြစ်သောကြောင့်အနည်းငယ်စိတ်လှုပ်ရှားမိ၏။

ဟန်ဒယ်ဆူးသာမကူညီရင်ဒီလို ကောင်းမွန်တဲ့
အလုပ်မျိုးရနိုင်ပါ့မလားပဲ။

တည်တည်ငြိမ်ငြိမ်ပင်ဂျောင်ကု Company
အဆောက်အအုံကြီးထဲသို့ဝင်လာခဲ့သည်။တာဝန်အရမေးလာသမျှလူတိုင်းကိုဟန်ဒယ်ဆူးနာမည်
သုံးကာဖြေရှင်းပြီးနောက်၊ရုံးခန်း ရှိရာသို့လိုက်
ပို့ကျသည်။

အခန်းထဲ ဟန်ဒယ်ဆူးဂိမ်းဆော့နေပြီးဂျောင်ကု
ကိုမြင်သည်နှင့်တိုးတိုးဆဲရေးတော့သည်။

"အင်တာဗျူး လာဖြေတာ ၊ထမင်းဘူးကြီးဘာ
လို့ယူလာတာလည်း၊Companyက ဝန်ထမ်းလို
အပ်နေတာမဟုတ်ဘူး၊မင်းတစ်ယောက်ထဲပဲ
သီးသန့်ခေါ်တွေ့တာ ၊ထမင်းဘူးကိုင်ပြီးစောင့်
နေစရာမှမလိုတာ အစ်ကိုကြီးရယ်"

"ဒီကအပြန်ငါ့အစ်ကိုအလုပ်ကိုထမင်းဘူးဝင်ပေး
မလို့၊မနက်က သူထမင်းချိုင့်မပါသွားဘူး"

နွေးထွေးလွန်းတဲ့နေရောင်နဲ့တူတဲ့စကားသံလေးရယ်။မနက်ခင်းနေရောင်က ပြူတင်းပေါက်မှန်ကို
ဖြတ်ကာထမင်းဘူးကိုင်ထားသည့်လူငယ်လေး
အပေါ်တောက်ပမူ့အလွှာပါးလေးတစ်ခုအဖြစ်လွှမ်းခြုံပေးထားတယ်။နှုတ်ခမ်းတွေပြုံးနေသည့်
တိုင်ပျော်နေပုံလည်းမရ။

ရေသေအိုင်ကဲ့သိုငြိမ်သက်နေသော သူငယ်ချင်း
ကိုကြည့်ရင်း ဟန်ဒယ်ဆူးသက်ပြင်းချမိ၏။

"မင်း ဦးနှောက်က အရေးမပါတဲ့စာတွေကျက်မှတ်
ဖို့နေရာမှာပဲထူးချွန်တာ၊စဥ်းစားကြည့်စမ်း...
အသက်နှစ်ဆယ့်ရှစ်နှစ်ယောကျာ်းတစ်ယောက်က
ထမင်းဘူးမပါလည်းဘာအရေးလဲ၊သူ့လက်ထဲ
ငွေရှိတာပဲဟာ၊ကြိုက်တာဝယ်စားမှာပေါ့"

I am not your brother(Completed )Où les histoires vivent. Découvrez maintenant