Part.18

4.5K 540 71
                                    

မြို့တော်ရဲစခန်း

ရဲအုပ်နေရာတွင်ထိုင်နေသောလူကိုကြည့်ရင်းထယ်ယောင်းကိုယ်လေးကတုန်ကယင်။စိတ္တဇလိုလိုဘာလိုလိုအကောင်ကိုကြောက်လို့သာဒီအထိတိုင်ချက်လာဖွင့်ရတာ။ဒီလိုကြီးကရှက်ဖို့ကောင်းတယ်မလား။ဘေးနားထိုင်နေတဲ့ဂျောင်ကုကအားပေးနှစ်သိမ့်တဲ့အနေနဲ့လက်လေးဆွဲဖျစ်ညှစ်လာတယ်။အကြမ်းပတမ်းသေလောက်အောင်ညီငယ်ဆီကနမ်းခံထားရတဲ့ထယ်​ယောင်းနှုတ်ခမ်းတွေကနီရဲ​ဖူးယောင်လျှက်။ဒီရဲစခန်းထိတိုင်ချက်ဖွင့်ရအောင်လည်း ဂျွန်ဂျောင်ကုပဲအသဲအသန်ဆွဲခေါ်လာတာ။

ထယ်ယောင်းတိုင်ချက်ဖွင့်ထားတဲ့စာကိုမိနစ်အနည်းငယ်ကြာတဲ့အထိအခေါက်ခေါက်အခါ
ခါဖတ်ပြီးမှရဲအုပ်ကစကားဆိုလာတယ်။

"အဲ့တော့....ခင်ဗျားကိုသူအမြဲတမ်းစောင့်ကြည်နေ
တယ်လို့ထင်နေတယ်ပေါ့၊အရင်က ကင်မ်ထယ်
ယောင်းရှီအနေနဲ့သူ့ကိုမြင်ဖူးလား၊တစ်ယောက်
ယောက်ကမိတ်ဆက်ပေးတာတို့ဒါမှမဟုတ်ဖြတ်
သွားဖြတ်လာကြုံဆုံဖူးတာတို့ဘာတို့ပေါ့"

"ဟင့်အင်း...ကျွန်တော်သူ့ကိုတစ်ခါမှမမြင်ဖူးဘူး။
ဒါပေမဲ့ ကျွန်တော့်အကြောင်းတော်တော်များများ
ကိုသူသိနေတယ်။နာမည်နေရပ်လိပ်စာကအစ..
ကျွန်တော်ချစ်သူကောင်မလေးနဲ့ပြတ်သွားတာအထိသူအကုန်သိနေတယ်"

.ဂျောင်ကုမကျေမနပ်မျက်ဝန်းတွေဖြင့်အဝေးတစ်
နေရာကိုစိုက်ကြည့်နေတယ်။သူမရှိတဲ့သုံးနှစ်ကာ
လအတွင်းကိုကို ဘယ်လိုအသက်ရှင်နေထိုင်ခဲ့ပါ
လိမ့်။ဒီနေ့ထိကောင်းကောင်းမွန်မွန်အသက်ရှင်
နေထိုင်ပေးခဲ့တာကိုပဲကျေးဇူးတင်ရမလိုလို။

"ဖြစ်စဥ်အရ...ကင်မ်ထယ်ယောင်းရှီ   အိပ်နေတုန်း
အခန်းထဲခိုးဝင်လာတယ် ။ပြီးတော့ နမ်းတယ်။
နိုးလာတော့ လူကိုဘာမှအန္တာရယ်မပေးဘဲ၊ အခန်းထဲလွှားထားတဲ့ အင်္ကျီကိုယူကြီး​ပြေးထွက်
သွားတယ်။ သူက တန်ဖိုးကြီးပစ္စည်းဘာမှမယူ
ဘဲ၊ အင်္ကျီတစ်ထည်ပဲ ဘာလုပ်ဖို့ယူသွားလဲ.. ခန့်
မှန်းမိလား"

ထယ်ယောင်းခေါင်းခါပြတယ်။ ရဲအုပ်မှာသူ့
ရှေ့အူလည်လည်လေးဖြစ်နေတဲ့ထယ်ယောင်းအားကြည့်ကာပြုံးမိပါတော့တယ်။ဂျောင်ကု
ကတော့ဒေါသတွေဆူဝေပြီးမပြုံးနိုင်ဘူး။သူ
အဲ့ခွေးမသားရော၊အရှေ့ကရဲကိုပါအခွံနွှာပစ်ချင်
တာ။

I am not your brother(Completed )Onde histórias criam vida. Descubra agora