Part.10

4.9K 578 71
                                    

"Tiger.. Tiger.. Tiger..."

"Leo... Leo...Leo...Leo"

ကြိုးဝိုင်းထဲရှိလူနှစ်ယောက်မှာမျက်နှာချင်းဆိုင်
အနေအထားဖြင့်မတ်တပ်ရပ်လျှက်ရှိသည်။
ပရိသတ်များမှာသူတို့နှစ်ယောက်၏နာမည်ကို
အပြိုင်အဆိုင်အော်ဟစ်ရင်းအားပေးကျသည်
ကား သောသောကိုညံလို့။မျက်နှာဖုံးတွေတပ်ဆင်ထားသည်ကြောင့်ကြိုးဝိုင်းထဲရှိ လူနှစ်ယောက်၏ရုပ်ရည်သွင်ပြင်ကိုခန့်မှန်းလို့မရသလို၊ ဘယ်သူဘယ်ဝါဆိုတာလည်းမသိ။

ဒီနေရာကိုရောက်လာပြီဆိုကတည်းက...မက်
လောက်တဲ့ဆုကြေးငွေတွေအတွက်သူတို့နှစ်ယောက်လုံးအသေအကြေသတ်ပုတ်ရမှာ။
တစ်ဦး ကားအောင်နိုင်သူဖြစ်ပြီး၊နောက်တစ်ဦး
က ရှုံးနိမ့်သူ။ ဒီ လောကရဲ့ထိုးကျိတ်ပွဲတွေက
အလွန့်ကိုဆိုးရွားရက်စက်လွန်းတယ်။ကိုယ်ခံ
ပညာချင်းယှဥ်ချရုံတင်မက ၊ ကြိုက်တဲ့ဘယ်နည်း
လမ်းနဲ့မဆို တစ်ဖက်လူကို​​သေ သည်ထိထိုးသတ်ပိုင်ခွင့်ရှိတယ်။ဒီတရားမဝင်လူသတ်ကွင်းမှာ..တရားဥပဒေသည်အကျုံးမဝင်။လက်လွန်ခြေလွန်..သေ သွားခဲ့ရင်တောင် နည်းမျိုးစုံနဲ့အလောင်းဖျောက်လိုက်ရုံပဲ။ မသေကျိုးကန်းရင်လဲ ဘယ်သူမှလျှာကြောရှည်ပြီး ရဲသွားမတိုင်ရဲကျ။

ဒီနေရာက ဆင်းရဲသားတွေရဲ့ငွေတွင်းကြီးဖြစ်
သလို၊မွန်းကျပ်သူတွေရဲ့ထွက်ပေါက်။
ခန္ဓာကိုယ်ရင်းပြီးငွေအများကြီးလိုချင်ရင် စွန့်စား
လိုက်။သေချင်ရင်လည်းစင်ပေါ်တက်ပြီး အကောင်ကြီးကြီးတစ်ကောင်ကိုစိန်ခေါ်လိုက်။

အချက်ပေးခေါင်းလောင်းသံ ထွက်လာသည်နှင့်
စင်ပေါ်က လူနှစ်ယောက်မှာအချင်းချင်းသွေးထိုး
စမ်းသလိုကြည့်လာကျသည်။ Leoရဲ့ဘယ်လက်သီးတစ်လုံးTigerဆီ တည့်တည့်မတ်မတ်
ဝင်လာတယ်။ ပရိတ်သတ်ကြီးဟေးကနဲအော်
သွားပြီးအရှေ့ဆုံးတန်းက ကလေးလေးနှစ်ယောက်မှာစိတ်လှုပ်ရှားလွန်းလို့ လက်ကလေး
တွေကျစ်ကျစ်ပါအောင်ဆုပ်ထားမိကျသည်။

Leo..သဲ ကြီးမဲ ကြီးလိုက်ထိုးပေမဲ့Tigerက​
ပေါ့ပါးသွက်လက်စွာရှောင်တယ်။Leo ခြေကန်
ချက်တို့က ပြင်းသော်ငြား မာကြောကြောဝမ်း
ဗိုက်ကြွက်သားတွေရှိတဲ့ Tigerအတွက်သိပ်ပြီး
အကျိုးသက်ရောက်ပုံမရှိ။ပွဲက အနည်းငယ်
တစ်ဖက်ဆန်နေပြီး၊ ကြာလာတာနဲ့အမျှလိုက်ထိုး
နေရတဲ့Leoမောပန်းလာတယ်။

I am not your brother(Completed )Where stories live. Discover now