Part.26

4.7K 576 59
                                    

မနက်မိုးလင်း ဖုန်စုပ်စက်သံတစ်ဂျီဂျီကြောင့်
ထယ်ယောင်းအိပ်ရာမှနိုးလာခဲ့သည်။သူအိပ်
ခန်းကြမ်းပြင်မှာတောက်ပြောင်နေသလို၊ပစ္စည်း
ပစ္စယတွေလည်းနေရာတကျ။အလုပ်စားပွဲတွင်
လည်းဖုန်မှုန်သဲတစ်စက်မှရှိမနေ။နေရောင်ခြည်
အနားသတ်လိုင်းတွေက အိပ်ခန်းထဲအနှံကျရောက်နေပြီးထိန်လင်းတောက်ပနေ၏
လတ်ဆတ်တဲ့လေကိုအဆုတ်ထဲထိရောက်အောင်
ရူသွင်းလိုက်တယ်။ပြီးတော့ဖြည်းဖြည်းချင်းဆီ
လေ ပြန်ရူထုတ်တယ်။နေလိုကောင်းသွားပါပြီ။
ဒါသာယာတဲ့နေ့လေးတစ်နေ့ပါပဲ။

"ဖုန်စုပ်စက်အသံကြောင့်နိုးသွားတာလား"

အခန်းထဲဝင်လာတဲ့ထယ်ယောင်းအားဂျောင်ကု
လှမ်းမေးတယ်။အိပ်ခန်းတင်မက ဧည့်ခန်းကြမ်း
ပြင်၊တံခါးဘောင်တွေအဆုံး၊ အရာအားလုံး
တောက်တောက်ပြောင်ပြောင်။ဂျောင်ကု တစ်ကယ်ကြိုးစားအားထုတ်ထားတာပဲ။

"သန့်ရှင်းရေးလုပ်တာ အရမ်းတော်တာပဲ။ငါတို့
Company ကသန့်ရှင်းရေးလုပ်တဲ့အစ်မကြီး
တောင်မင်းလောက်မတော်ဘူး...."

အိပ်ယာနိုးကာစမအီမလည်မျက်နှာလေးဖြင့်
ချီးကျူးစကားဆိုလာတဲ့ကိုကိုရယ်။ဂျွန်ထယ်
ယောင်းကိုကြည့်ရတာ အ​ပျင်းထူနေတဲ့ကြောင်
လေးလိုပဲ။ပါးမို့မို့လေးတွေအစ်ထွက်ကာမျက်
လုံးတောင်မဖွင့်။ဂျောင်ကု ဆွဲစက်ဖျစ်ညှစ်ချင်
လာသည့်စိတ်ကိုထိန်းမရ။ပါမုန့်ဖောင်းလေးနဲ့
တူတဲ့ကိုကို့ပါးလုံးလုံးလေးအားဆွဲငုံကုန်းကိုက်
လိုက်၏။အထိအတွေကအိကျိအိကျိ။ထိုပါး
လေးတွေကိုပြန်လွှတ်ပေးလိုက်သည့်အခါ.....
သွားကိုက်ရာအကွင်းလိုက်ကြီးသာကျန်နေခဲ့ရ၏။
ထင်ကျန်ရစ်ခဲ့တဲ့အမှတ်သားနီရဲရဲလေးကိုကြည့်
ကာ ဂျောင်ကုမျက်ဝန်းတွေထဲအပြုံးတို့ပြည့်
လျှမ်းလာခဲ့သည်။ထယ်ယောင်းမှာတော့...မပြုံးနိုင်။ပါးပေါ်ပေကျံနေတဲ့တံတွေးတွေအားအင်္ကျီအောက်စဖြင့်သုတ်လိုက်ရသည်။

"အား...နာနာ...မင်းကခွေးလား တွေ့တိုင်းကုန်းကိုက်
နေတာပဲ"

"ကိုကို ကချစ်ဖို့ကောင်းလို့ဘယ်လိုလုပ်ရမလဲစ
ဥ်းစားနေတာ။ဘယ်သူမှမမြင်အောင်အခန်းထဲ
သော့ခတ်သိမ်းထားမယ်၊သကြာလုံးလေးလို လည်းအချိုတွေကုန်သွားတဲ့အထိကိုကို့ကိုငုံထားချင်တယ်"

I am not your brother(Completed )Où les histoires vivent. Découvrez maintenant